ပြည်သူများ လျှပ်စစ်မီတာဆောင်သည့် EPC ရုံးအနီးကို သုံးခွ PDF မှ ဗုံးဖောက်ခွဲမှု ပြုလုပ်
PUBLISHED - October 7, 2021
နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ ပြည်သူများ လျှပ်စစ်မီတာဆောင်မှုအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နံနက်ပိုင်းက EPC ရုံးအနီးကို သုံးခွ PDF မှ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့ နံနက် ၅ နာရီ အချိန်ခန့် EPC ရုံးအနီးမှာ ဗုံးကွဲတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သုံးခွမြို့ခံများသည် လျှပ်စစ်မီတာခကို ပေးဆောင်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ဗုံးခွဲမှု ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ အဆိုပါ ဗုံးကွဲမှုသည် ၎င်းတို့လက်ချက်ဖြစ်တယ်လို့ သုံးခွ PDF အဖွဲ့က သတင်းထုတ်ပြန်မှု ပြုလုပ်ထားပါတယ်။
ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်မှ နှုတ်ထွက်ရန် သုံးခွ PDF က သတိပေးမှု ပြုလုပ်ထားပါတယ် ။
Photo – credit
#PeopleMedia #သုံးခွ #PDF
(unicode)
………………………………………………………………………
Photo – credit