ပြည်သူများ အထောက်အကူပြု ဖြည့်စွက်ဆေးဝါးများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူသုံးစွဲနိုင်ရန် န.စ.က မှ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်
PUBLISHED - August 5, 2021
နေပြည်တော်၊ သြဂုတ် ၅ (People Media)
ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူပြု ဖြည့်စွက်ဆေးဝါးများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူသုံးစွဲ နိုင်ရန် န.စ.က ကောင်စီမှ အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင်သတ် မှတ်ကြောင်း သြဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စုအစိုးရသည် ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃(ဃ)တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး အတွက် အထောက်အကူဖြစ်စေရန်နှင့် ပြည်သူတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုဖြည့်စွက်ဆေး ဝါးများအား ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း (၂၀၁၇) ၏ အခန်း(၂၀)ပါ ခေါင်းစဉ် (၂၀၀၆) အောက်ရှိ HS Code 2016.90.72.00 ၏ အကောက်ခွန်နှုန်းအား လက်ရှိ အကောက်ခွန်နှုန်း ၁၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြပါရှိသည်။
အလားတူ ၎င်းအမိန့်ကြေညာစာသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း န.စ.က ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။
#PeopleMedia
(unicode)
………………………………………………………………
#PeopleMedia