ျပည္သူေတြအေနျဖင့္ ႏိုင္ငံေတာ္သတင္းစာေတြဖတ္ၾကရန္ႏွင့္ သတင္းစာေရာင္းခ်င္လို႔ေျပာျခင္းမဟုတ္ဘဲ ေၾကညာခ်က္ေတြေသခ်ာမသိၾကသည့္အတြက္ တိုက္တြန္းရျခင္းျဖစ္ေၾကာင္း အတိုင္ပင္ခံေျပာဆို
PUBLISHED - November 25, 2020
ရန္ကုန္၊ ႏို၀င္ဘာ ၁၄
ႏိုင္ငံေတာ္သတင္းစာေတြဖတ္ၾကရန္ႏွင့္ သတင္းစာေရာင္းခ်င္လို႔ေျပာျခင္းမဟုတ္ဘဲ COVID-19 အေရး ေၾကညာခ်က္ေတြေသခ်ာမသိၾကသည့္အတြက္ တိုက္တြန္းရျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ႏို၀င္ဘာ ၂၃ ရက္ေန႔တြင္ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆံုးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္မိန္႔ခြန္းအား ႏိုင္ငံပိုင္မီဒီယာမွတစ္ဆင့္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“သတင္းစာေတြဖတ္ေစခ်င္ပါတယ္။ ႏိုင္ငံေတာ္သတင္းစာေတြ၊ အဲဒါက သတင္းစာေရာင္းခ်င္လို႔ ကၽြန္မေျပာ တာမဟုတ္ပါဘူး။ ေရာင္းေကာင္းရင္လည္း ေကာင္းတာေပါ့။ ဘာျဖစ္လို႔ေျပာရလည္းဆိုေတာ့ COVID-19 နဲ႔ပတ္သက္လို႔ က်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာန၊ ေနာက္တျခားအစိုးရဌာနအသီးသီးက ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္ေတြကို တခ်ဳိ႕ေတြက ေသေသခ်ာခ်ာမဖတ္ျဖစ္ၾကဘူး”ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာသည္။
ဆက္လက္ၿပီး အတိုင္ပင္ခံပုဂၢိဳလ္မွ သတင္းစာသည္ ေစ်းႀကီးႀကီးေပးရတာမ်ဳိးမဟုတ္သည့္အတြက္ တတ္ႏိုင္သ ေလာက္ဖတ္ၾကရန္ႏွင့္ ျပန္ၾကားေရး၀န္ႀကီးဌာနကို အားေပးေစခ်င္လို႔ ေျပာတာမဟုတ္ေၾကာင္းႏွင့္ အားေပး သင့္သည့္အခါမွာ အားေပးျခင္းသည္မမွားေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
#PeopleMedia #ႏိုင္ငံပိုင္မီဒီယာ #ႏိုင္ငံပိုင္သတင္းစာ
(unicode)
ပြည်သူတွေအနေဖြင့် နိုင်ငံတော်သတင်းစာတွေဖတ်ကြရန်နှင့် သတင်းစာရောင်းချင်လို့ပြောခြင်းမဟုတ်ဘဲ ကြေညာချက်တွေသေချာမသိကြသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း အတိုင်ပင်ခံပြောဆို
……………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၁၄
နိုင်ငံတော်သတင်းစာတွေဖတ်ကြရန်နှင့် သတင်းစာရောင်းချင်လို့ပြောခြင်းမဟုတ်ဘဲ COVID-19 အရေး ကြေညာချက်တွေသေချာမသိကြသည့်အတွက် တိုက်တွန်းရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းအား နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“သတင်းစာတွေဖတ်စေချင်ပါတယ်။ နိုင်ငံတော်သတင်းစာတွေ၊ အဲဒါက သတင်းစာရောင်းချင်လို့ ကျွန်မပြော တာမဟုတ်ပါဘူး။ ရောင်းကောင်းရင်လည်း ကောင်းတာပေါ့။ ဘာဖြစ်လို့ပြောရလည်းဆိုတော့ COVID-19 နဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ နောက်တခြားအစိုးရဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို တချို့တွေက သေသေချာချာမဖတ်ဖြစ်ကြဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ သတင်းစာသည် စျေးကြီးကြီးပေးရတာမျိုးမဟုတ်သည့်အတွက် တတ်နိုင်သ လောက်ဖတ်ကြရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနကို အားပေးစေချင်လို့ ပြောတာမဟုတ်ကြောင်းနှင့် အားပေး သင့်သည့်အခါမှာ အားပေးခြင်းသည်မမှားကြောင်း တိုက်တွန်းပြောကြားခဲ့သည်။