ျပည္သူ ၁၆ သန္းကို ထိုးႏွံေပးနိုင္မည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး တင္သြင္းမည့္ သေဘာတူညီခ်က္ Pfizer ႏွင့္ Janssen တို႔ႏွင့္ ေတာင္ကိုရီးယားနိုင္ငံ လက္မွတ္ေရးထိုး

PUBLISHED - December 24, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၄ (People Media)
ျပည္သူ ၁၆ သန္းကို ထိုးႏွံေပးနိုင္မည့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ား တင္သြင္းရန္ ေတာင္ကိုရီး ယားနိုင္ငံက Pfizer၊ Janssen ကုမၸဏီတို႔ႏွင့္ သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ ေခ်ာင္ဆီကၽြမ္းက ယေန႔ ႐ုပ္သံမိန္႔ခြန္းတစ္ခုအတြင္း ေျပာသည္။
နိုင္ငံ့လူဦးေရ၏ ၈၅ ရာခိုင္ႏႈန္းကို ထိုးႏွံေပးနိုင္မည့္ ကာကြယ္ေဆးအစီအစဥ္၏ တစ္စိတ္တစ္ေဒသအျဖစ္ ေတာင္ကိုရီးယားအစိုးရက Janssen ၊ Pfizer ႏွင့္ ကမၻာ့က်န္းမာေရးအဖြဲ႕က ပံ့ပိုးေပးထားသည့္ COVAX အပါ အဝင္ ကုမၸဏီေလးခုမွ ကာကြယ္ေဆးဝယ္ယူရန္ ယခင္က စီစဥ္ခဲ့သည္။
ယခုႏွစ္ ဒုတိယေလးလပတ္မွစ၍ ကာကြယ္ေဆးထိုးႏွံေပးရန္ Janssen ကာကြယ္ေဆး အဆင္သင့္ျဖစ္ၿပီး တတိယေလးလပတ္အတြင္း Pfizer ကာကြယ္ေဆးမ်ား ေတာင္ကိုရီးယားနိုင္ငံသို႔ ပို႔ေဆာင္မည္ဟု ေခ်ာင္ဆီ ကၽြမ္းက ေျပာၾကားခဲ့သည္။
ေတာင္ကိုရီးယားနိုင္ငံက ကပ္ေရာဂါ တတိယလွိုင္းထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းခဲ့ရျခင္းေၾကာင့္ ကိုဗစ္-၁၉ ေရာ ဂါ ကာကြယ္ေဆးဝယ္ယူေရး အစီအစဥ္မ်ားႏွင့္ပတ္သက္၍ အစိုးရက ျပည္သူမ်ား၏ေဝဖန္မႈခံေနရသည္။
ေတာင္ကိုရီးယားနိုင္ငံ၌ ယေန႔ ကိုဗစ္-၁၉ ေရာဂါ လူနာသစ္ ၉၈၅ ဦး ေတြ႕ရွိခဲ့ရာ ဗိုင္းရပ္စ္ ကူးစက္မႈ စုစု ေပါင္း ၅၃၅၃၃ မႈႏွင့္ ေသဆုံးသူ ၇၅၆ ဦးအထိ ရွိလာခဲ့ၿပီျဖစ္သည္။
ကိုးကား – ႐ိုက္တာ
Ref; South Korea signs deals to import Pfizer and Janssen COVID-19 vaccines
#PeopleMedia
(unicode)
ပြည်သူ ၁၆ သန်းကို ထိုးနှံပေးနိုင်မည့် ဗိုင်းရပ်စ်ကာကွယ်ဆေး တင်သွင်းမည့် သဘောတူညီချက် Pfizer နှင့် Janssen တို့နှင့် တောင်ကိုရီးယားနိုင်ငံ လက်မှတ်ရေးထိုး
………………………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄ (People Media)
ပြည်သူ ၁၆ သန်းကို ထိုးနှံပေးနိုင်မည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ တင်သွင်းရန် တောင်ကိုရီး ယားနိုင်ငံက Pfizer၊ Janssen ကုမ္ပဏီတို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ် ချောင်ဆီကျွမ်းက ယနေ့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောသည်။
နိုင်ငံ့လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်မည့် ကာကွယ်ဆေးအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် တောင်ကိုရီးယားအစိုးရက Janssen ၊ Pfizer နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပံ့ပိုးပေးထားသည့် COVAX အပါ အဝင် ကုမ္ပဏီလေးခုမှ ကာကွယ်ဆေးဝယ်ယူရန် ယခင်က စီစဉ်ခဲ့သည်။
ယခုနှစ် ဒုတိယလေးလပတ်မှစ၍ ကာကွယ်ဆေးထိုးနှံပေးရန် Janssen ကာကွယ်ဆေး အဆင်သင့်ဖြစ်ပြီး တတိယလေးလပတ်အတွင်း Pfizer ကာကွယ်ဆေးများ တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်မည်ဟု ချောင်ဆီ ကျွမ်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံက ကပ်ရောဂါ တတိယလှိုင်းထိန်းချုပ်ရန် ကြိုးပမ်းခဲ့ရခြင်းကြောင့် ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်များနှင့်ပတ်သက်၍ အစိုးရက ပြည်သူများ၏ဝေဖန်မှုခံနေရသည်။
တောင်ကိုရီးယားနိုင်ငံ၌ ယနေ့ ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၉၈၅ ဦး တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ် ကူးစက်မှု စုစု ပေါင်း ၅၃၅၃၃ မှုနှင့် သေဆုံးသူ ၇၅၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ကိုးကား – ရိုက်တာ
Ref; South Korea signs deals to import Pfizer and Janssen COVID-19 vaccines
#PeopleMedia