ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကို နိုင်ငံရေးပင်စင်ချီးမြှင့်ရန် န.စ.ကမှ ကျပ်သန်းပေါင်း ၂၄၁၃.၂၅၀ လျာထားပြီးဖြစ်ဟုဆို

PUBLISHED - October 30, 2021
နေပြည်တော်၊ အောက်တိုဘာ ၃၀ (People Media)
ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကို နိုင်ငံရေးပင်စင်ချီးမြှင့်ရန် န.စ.ကမှ ကျပ်သန်းပေါင်း၂၄၁၃.၂၅၀ လျာထားပြီးဖြစ်ကြောင်း သိရှိရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးပင်စင်ထုတ်ယူရန်ကိစ္စ နှင့်ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံရေးပင်စင်ထုတ်ယူရန် ကျပ်ငွေသုံးစွဲထားရှိမှုနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်လွှတ်တော်သက်တမ်း ကာလ ၁-၂-၂၀၁၆ မှ ၃၁-၁-၂၀၂၁ အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁၈ ဦး၏ နိုင်ငံရေးပင်စင်ချီးမြှင့် ငွေ ကျပ်သန်းပေါင်း ၁၅၈၃.၅၀၀ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၃ ဦးအတွက် နိုင်ငံရေးပင်စင်ချီး မြှင့်ငွေ ကျပ်သန်းပေါင်း ၈၂၉.၇၅၀၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၈၁ ဦးအတွက် နိုင်ငံရေးပင်စင်ချီးမြှင့် ငွေ ကျပ်သန်းပေါင်း ၂၄၁၃.၂၅၀ ခန့်မှန်းလျာထားကြောင်း သိရှိရသည်။
အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နိုင်ငံရေးပင်စင်ထုတ်ယူရန် လျှောက်ထားမှု၊ ဒုတိယအကြိမ်းတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းများနှင့် ကိုယ်ရေးအချက်အလက်များအား လျှောက်ထားလာမှု မရှိသေးကြောင်း သိရှိရသည်။
#PeopleMedia #နိုင်ငံရေးပင်စင် #နစက
(unicode)
……………………………………………………………………