ပြည်ထောင်စုနေ့တွင် အိန္ဒိယလယ်သမားများ ထွန်စက်အမြောက်အများဖြင့် အကြီးအကျယ်ဆန္ဒပြရန်စီစဉ်နေ

PUBLISHED - January 26, 2021
နယူးဒေလီ၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အင်္ဂါနေ့တွင်ကျရောက်သည့်အိန္ဒိယနိုင်ငံ၏ပြည်ထောင်စုနေ့တွင် မြို့တော်ဒေလီသို့ လယ်ထွန်စက်များ မောင်းနှင်လာရန် ဆန္ဒပြနေသည့်အိန္ဒိယလယ်သမားသောင်းချီက စီစဉ်နေသည်။
ဒေလီမြို့စပ်တွင် လယ်သမားများက လပေါင်းများစွာကြာအောင် ဆန္ဒပြနေကြပြီး မကြာသေးမီက ဈေးကွက်နှင့်ရင်းနှီးသောပြုပြင်ပြောင်းလဲမှုများ နောက်ပြန်ဆုတ်ရန်တောင်းဆိုနေသည်။
အစိုးရ၏အခမ်းအနားများကို မနှောက်ယှက်ရဟူသောအခြေအနေဖြင့် ထွန်စက်ချီတက်ဆန္ဒပြပွဲကို ခွင့်ပြုချက် ပေးထားသည်။
ပြုပြင်ပြောင်းလဲမှုများကိုဆိုင်းငံ့ထားရန် အစိုးရကကမ်းလှမ်းသော်လည်း လယ်သမားများက ပြန်ရုတ်သိမ်း စေချင်သည်ဟုပြောသည်။
တလကျော်ကြာအောင် မြို့အဝင်နေရာအများအပြားကိုပိတ်ဆို့နေသည့် ထွန်စက်ထောင်ချီအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထွန်စက်သောင်းချီ မြို့အတွင်းရောက်လာကြသည်။
ဒေလီမြို့ဝင်နေရာ ၆ ခုမှဆန္ဒပြမှုစတင်မည်ဟု ခန့်မှန်းရသည်။
အကြိမ်ကြိမ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြမှုကိုခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်စက်တင်ဘာလတွင် လွှတ်တော်ကအတည်ပြုပြီးသော လွတ်လပ်သောဈေးကွက်သို့ ထပ်မံပွင့်လင်းမှုများရှိစေရန်ရည်ရွယ်သည့်ဥပဒေများကြောင့် ဆန္ဒပြမှုများဖြစ်လာသည်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် သူ၏ ဘီဂျေပီပါတီတို့က ပြုပြင်ပြောင်းလဲမှုများကို ကာကွယ်ပြောဆိုသော်လည်း လုပ်ငန်းစုကုမ္ပဏီကြီးများက သူတို့ကိုထိခိုက်စေလာနိုင်သော အသေအလိုရှိသောဝရမ်းပြေးများအဖြစ် လယ်သမားအဖွဲ့များကပြောသည်။
မြို့တော်ဒေလီသို့ နိုဝင်ဘာလကုန်ပိုင်းတွင် နိုင်ငံအရှေ့မြောက်ပိုင်း ပန်ဂျက်နှင့် ဟာယာနာပြည်နယ်တို့မှ လယ်သမားသောင်းချီချီတက်လာပြီး နယ်စပ်တွင် ထိုင်ရာမထဆန္ဒပြနေကြသဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ ဆက်ဖြစ်နေသည်။
Ref : Tractor rally: India farmers plan massive protest on Republic Day
#PeopleMedia
(unicode)
……………………………………………………
Ref : Tractor rally: India farmers plan massive protest on Republic Day
#PeopleMedia