ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမတက်သည့် နိုင်ငံရေးပါတီများကို အရေးယူရန် တင်ပြမှုများရှိသော်လည်း အရေးယူမည်မဟုတ်ဟု ကော်မရှင်ပြော

PUBLISHED - February 26, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ (People Media)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးလိုက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံ ရေးပါတီတွေ့ဆုံသည့်ပွဲကို မတက်ရောက်သည့်နိုင်ငံရေးပါတီများကို အရေးယူမည်မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် အမျိုး သားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးအောင်ဖြိုးကျော်က ပြောသည်။
ယင်းအစည်းအဝေးအား သပိတ်မြောက်သည့် နိုင်ငံရေးပါတီ အမြောက်အများရှိခဲ့ပြီး တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများကို ဝေဖန်တိုက်ခိုက်မှုများရှိသည့်အတွက် မတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများကို အရေးယူခြင်းပြုလုပ်ခြင်းရှိမရှိကို နိုင်ငံရေးပါတီတချို့က တင်ပြရာတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အစည်းအဝေးမှာ အထွေထွေအကြောင်းအရင်းကြောင့် မတက် ရောက်နိုင်တဲ့ နိုင်ငံရေးပါတီတွေကို အရေးယူမှာမဟုတ်ဘူး အရေးယူမှာဆိုတာ မဟုတ်ဘူး” ဟု UEC ဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း ဦးအောင်ဖြိုးကျော်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတွေ့ဆုံသည့်ပွဲကို မတက်ရောက်သည့်အပေါ်တွင် အရေးယူမည်မဟုတ်သော်လည်း ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းမျိုးကို ပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုမျိုးကို ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။
“အစည်းအဝေးမတက်တာက အဲ့လောက်ကြီးမဟုတ်ဘူး အပြစ်မကြီးဘူး ဒါပေမယ့် ရွေးကောက်ပွဲလိုဟာမျိုးမှာ အနည်းဆုံး ၃ နေရာဝင်ပြိုင်ရမှာကို မပြိုင်ဘူးလို့ပြောရင်တော့ သူကို ဥပဒေအရဆောင်ရွက်မည်” ဟု ပြောဆိုခဲ့ ကြောင်း ဦးအောင်ဖြိုးကျော်ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ထုတ်ပြန်ချက်အရ တည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်ရှိသည့်အနက် အဆိုပါတွေ့ဆုံပွဲကို တိုင်ရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီ ၅၀ ကျော်က တက်ရောက်ခဲ့သည်။
#PeopleMedia #UEC
(unicode)
……………………………………….
#PeopleMedia #UEC