ပြည်မြို့ရှိ ဇောတိကာရုံနာယကဆရာတော်ကြီး COVID-19 ရောဂါကြောင့် ပျံလွန်တော်မူ
PUBLISHED - July 22, 2021
ပြည်၊ ဇူလိုင် ၂၂ (People Media)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အတွင်းရှိ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၏ နာယကဆရာတော် သက်တော်(၉၃)နှစ် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ကုဏ္ဍလဇောတိမထေရ်မြတ်သည် COVID-19 ရောဂါကြောင့် ပျံလွန်တော်မူသွားသည်။
“ဆရာတော်ကြီးက ကူးစက်ခံရတာ လေးငါးရက်လောက်တော့ရှိပြီပေါ့။ မနေ့ည ၁၁ နာရီခွဲလောက်က ပျံလွန် တော် မူသွားတာပါ” ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဆရာတော်တစ်ပါးမှ People Media သို့ မိန့်ကြားသည်။
ဆရာတော်ကြီးမှာ ဇူလိုင်လ ၁၅ ရက်နေ့က COVID-19 ရောဂါပိုးကို စတင်တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူနေရင်း ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် Lock Down ချထားသည်။
ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ရဟန်း သံဃာ ၅၀ နီးပါး သီတင်းသုံး နေထိုင်လျှက်ရှိသည်။
#PeopleMedia #Covid-19
(unicode)
……………………………………………….
#PeopleMedia #Covid-19