ပြည်မြို့၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များမကျင်းပရန် ကက်သလစ်ခရစ်ယာန်သာ သနာပိုင်ဆရာတော် ညွှန်ကြား
PUBLISHED - December 10, 2021
ပြည်၊ ဒီဇင်ဘာ ၁၀ (People Media)
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ကက်သလစ်သာသနာအတွင်း ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲ တော်များ မကျင်းပရန် ပြည်မြို့ ကက်သလစ်ခရစ်ယာန်သာသနာပိုင်ဆရာတော် အလက်ဇန္ဒား ဦးပြုံးချိုက လမ်းညွန်ချက် ထုတ်ပြန်လိုက်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များ မကြာမီရောက်လာတော့ မည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခရစ်မတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ ပျော်ရွှင် ဖွယ်ပွဲတော်များ အဖြစ်မကျင်းပနိုင်တော့ကြောင်း ထုတ်ပြန်ထားသည်။
ဝမ်းမြောက်သော သူတို့နှင့်အတူ ဝမ်းမြောက်ကြ၍ ငိုကြွေးသောသူတို့နှင့် အတူငိုကြွေးကြလော့၊ မြန်မာနိုင်ငံ တွင် များစွာသော လူတို့သည် ငိုကြွေးနေကြရကြောင်း၊ ၎င်းတို့နှင့်အတူ ဝမ်းနည်းကြေကွဲခြင်းကို မျှဝေခံစားကြရ အောင်ဟု ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ပွဲတော်များကို အသံတိတ်ပွဲတော်အဖြစ် အပြင်အပပျော်ရွှင်ခြင်းများပြသည် မည်သည့်အရာများကိုမှ မပြုလုပ်ပဲ ဓမ္မသီချင်းများ သီဆိုခြင်းဖြင့် ဘုရားသခင်ကို ချီးမွမ်းရင်း ဝတ်ပြုကိုးကွယ်ခြင်းကိုသာ ပြုလုပ်ရန် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲများ ကျင်းပရန် အကုန်အကျခံရန် ရည်ရွယ်ထားသည့် ငွေကြေးများကိုလည်း သခင်ခရစ်တော်အား ခရစ်မတ်လက်ဆောင်ပေးသည့်အနေနှင့် ဒုက္ခအခက်အခဲရောက်နေသူများအား လှူဒါန်းရန်လည်း အထူးတိုက်တွန်းလိုက်ကြောင်း ဆရာတော် အလက်ဇန္ဒား ဦးပြုံးချိုက လမ်းညွန်ချက် ထုတ်ပြန်ထားသည်။
Photo – Credit
#PeopleMedia #ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲများ
(unicode)
…………………………………………………………..
Photo – Credit
#PeopleMedia #ခရစ်စမတျနှင့ျနှဈသဈကူးပှဲမြား