ပြည်ကြီးတံခွန်မြို့နယ် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ မိုးထိအောင်စည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥတ္တိယ ပျံလွန်တော်မူ

PUBLISHED - July 30, 2021
မန္တလေး၊ ဇူလိုင် ၃၀ (People Media)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မိုးထိအောင်စည်သာသနာ့ရိပ်သာ ကမ္မဋ္ဌာနာစရိယ ဘွဲ့ တံဆိပ်တော်ရ မိုးထိအောင်စည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥတ္တိယဟာ ယနေ့ နံနက် ၂ နာရီခွဲအချိန်မှာ ပျံ လွန်တော်မူခဲ့ပြီး ဆရာတော်ကြီးရဲ့ ဈာပနကို ယခုမနက်ပိုင်းမှာဘဲ ပြုလုပ်ခဲ့ပါတယ်။
“ဆရာတော်ကြီးက ကိုဗစ်ကြောင့်လို့တော့ သိရတယ်၊ သက်တော် ၆၉ နှစ်၊ ဝါတော် ၅၀” လို့ ဆရာတော်ကြီး ဈာပနကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက People Media ကို ပြောပါတယ်။
ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥတ္တိယဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက် မိုးထိ အောင်စည်သာသနာ့ရိပ်သာ၊ အမရပူရမြို့နယ် ညောင်ပင်စောက်ကျေးရွာ မိုးထိအောင်စည်တောရသာသနာ့ ရိပ်သာ၊ ရန်ကုန်မြို့ ပုလဲမြို့သစ် မိုးထိတောရ၊ ပြင်ဦးလွင်မြို့ ညံညင်းသာကျေးရွာ မိုးထိအောင်စည် တောင် ပေါ်သာသနာ့ရိပ်သာ၊ နောင်ချိုမြို့နယ် ဘန့်ကြီးတောင် မိုးထိအောင်စည်သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန မဟာနာယက တံခွန်တိုင်ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယာနဒါနကုသိုလ်ဖြစ် ဆွမ်းခံကားများနှင့် ရေ အလှူတော်တို့ကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။
#PeopleMedia #ပြည်ကြီးတံခွန်မြို့နယ် #သာသနာရေး
(unicode)
ပွညျကွီးတံခှနျမွို့နယျ ကမ်မဋ်ဌာနာစရိယဘှဲ့တံဆိပျတောျရ မိုးထိအောငျစညျဆရာတောျဘုရားကွီး ဘဒ်ဒန်တဥတ်တိယ ပြံလှနျတောျမူ
……………………………………………………
မန်တလေး၊ ဇူလိုငျ ၃၀ (People Media)