ပြန်ပေးဆွဲခံရသူကယ်တင်ရေးစစ်ဆင်ရေး၌ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်ရှိ မီတာ ၂၀၀ ကျော်ရှည်သည့် မြေအောက်လှိုဏ်ခေါင်းကို အိန္ဒိယရဲတပ်ဖွဲ့တွေ့ရှိ

PUBLISHED - January 4, 2021
အာသံ၊ ဇန်နဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မကြာသေးမီက အိန္ဒိယ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်၌ ပြန်ပေးဆွဲခံရသူတစ်ဦးကိုကယ်တင်စဉ် မီတာ ၂၀၀ ရှည်ပြီး နှစ်နိုင်ငံဆက်သွယ်ထားသည့် မြေအောက်ဥမင်လှိုဏ်ခေါင်းကို အိန္ဒိယနိုင်ငံရှိ အာသံပြည်နယ်ရဲတပ်ဖွဲ့က သောကြာနေ့တွင် တွေ့ရှိခဲ့သည်။
သူ့ကို ရာဇဝတ်သားများကပြန်ပေးဆွဲပြီး ထိုလှိုဏ်ခေါင်းမှတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခေါ်သွားကြောင်း ရဲများကို ပြန်ပေးဆွဲခံရသူ ဒီဝါ ဟူစိန်က သတင်းပေးရာမှတွေ့ရှိခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ဟူစိန်ကိုပြန်ပေးဆွဲခဲ့ပြီး ရူပီး ၅ သိန်းဖြင့် ပြန်ရွေးရန် မိသားစုကိုပြောသည်။
ထို့နောက် ပြန်လွတ်လာပြီး ဇန်နဝါရီ ၁ ရက်တွင် ရဲများကို သတင်းပေးခြင်းဖြစ်သည်။
တောနက်ထဲတွင် သံဆူးကြိုးများကာရံက လှိုဏ်ခေါင်းကိုဝှက်ထားကြောင်း ကာရင်ဂန်မြို့မှရဲမှူး မာယန့် ကူးမားကပြောသည်။
ထိုလှိုဏ်ခေါင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆီဟက်သို့ဦးတည်နေပြီး ကုန်ပစ္စည်းများတရားမဝင်ခိုးသွင်းရန်နှင့် လူများကိုအခြားတဖက်သို့ပြန်ပေးဆွဲရန်အသုံးပြုနေကြောင်း ဟူစိန်ကပြောသည်။
ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ထံသို့ ယခုဖြစ်ရပ်အကြောင်းသတင်းပေးထားပြီး ပိတ်ခိုင်းထားကြောင်းလည်း ရဲမှူး ကူးမားကပြောသည်။
Ref : Secret Tunnel Connecting India and Bangladesh Found in Assam’s Karimganj During Hostage Rescue Operation
#PeopleMedia
(unicode)
…………………………………………………
Ref : Secret Tunnel Connecting India and Bangladesh Found in Assam’s Karimganj During Hostage Rescue Operation
#PeopleMedia