• Follow Us on
Latest News

Home ျပဳျပင္ေျပာင္းလဲမႈမ်ားလုပ္ရန္ ၀န္ႀကီးခ်ဳပ္ကိုဖိအားေပးသည့္အေနျဖင့္ အိႏၵိယလယ္သမားမ်ား အစာအငတ္ခံဆႏၵျပ

ျပဳျပင္ေျပာင္းလဲမႈမ်ားလုပ္ရန္ ၀န္ႀကီးခ်ဳပ္ကိုဖိအားေပးသည့္အေနျဖင့္ အိႏၵိယလယ္သမားမ်ား အစာအငတ္ခံဆႏၵျပ

Share this post

နယူးေဒလီ၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တနလၤာေန႔မွစတင္ၿပီး အိႏိၵယႏိုင္ငံ႐ွိလယ္သမားမ်ားက စိုက္ပ်ိဳးေရးဆိုင္ရာျပဳျပင္ေျပာင္းလဲမႈ ၃ ခုျပဳလုပ္ရန္ ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီကိုေတာင္းဆိုဖိအားေပးသည့္အေနျဖင့္ ၂၄ နာရီအစာအငတ္ခံဆႏၵျပခဲ့သည္။
 
ၿမိဳ႕ေတာ္ေဒလီအစြန္အဖ်ားတြင္ ၃ ပတ္ၾကာသည္အထိ လယ္သမားမ်ားကစခန္းခ်သည့္အၾကပ္ဆိုက္မႈကိုအဆံုးသတ္ရန္ ေနာက္ထပ္ေဆြေႏြးမႈမ်ားတြင္ပါ၀င္ေရးအတြက္ မိုဒီ၏အစိုးရအဖြဲ႔က လယ္သမားမ်ားကိုတိုက္တြန္းေနသည္။
 
ဟာယာနာႏွင့္ အူတရာပရာေဒ့႐ွ္ျပည္နယ္တို႔ႏွင့္ဆက္သြယ္သည့္လမ္းမ်ားကို ပိတ္ဆို႔ဆႏၵျပသည့္ဆႏၵျပပြဲမ်ားေၾကာင့္ အမ်ားျပည္သူသံုးဆက္သြယ္ေရးလမ္းေၾကာင္းမ်ား၊ ဟင္းသီးဟင္း႐ြက္ႏွင့္အသီးအႏွံမ်ားပို႔ေဆာင္မႈတို႔ကို ထိခိုက္ေနသည္။
 
ေထာက္ခံသူမ်ားအေနျဖင့္ ဗုဒၶဟူးေန႔တြင္ အစားမစားဘဲေနရန္ ဆႏၵျပေခါင္းေဆာင္မ်ားကတိုက္တြန္းေနသည္။
 
လက္လီစိတ္၀ယ္သူကုမၸဏီႀကီမ်ားကိုကူညီၿပီး အစိုးရက ေကာက္ပဲသီးႏွံမ်ားကို ၀ယ္ယူမႈရပ္ဆိုင္းမည္ဟု လယ္သမားမ်ား ကစိုးရိမ္ေနေသာ ၿပီးခဲ့သည့္စက္တင္ဘာတြင္ လႊတ္ေတာ္ကအတည္ျပဳသည့္ဥပေဒမ်ားကို ဆႏၵျပသူမ်ားက ကန္႔ ကြက္ဆႏၵျပေနျခင္းျဖစ္သည္။
 
ထိုဥပေဒမ်ားအရ ပုဂၢလိကရင္းႏွီးႁမွဳပ္ႏွံမႈမ်ားပိုမ်ားလာသျဖင့္ လယ္သမားမ်ား၀င္ေငြပိုတိုးလာမည္ျဖစ္ေၾကာင္း မိုဒီ ကခုခံေျပာသည္။
 
အပူခ်ိန္ ၄ ဒီဂရီစင္တီဂရိတ္အထိအပူခ်ိန္က်ဆင္းေနခ်ိန္တြင္ အျပင္ထြက္ဆႏၵျပေနသျဖင့္ မၾကာေသးမီကာလအတြင္း ဆႏၵျပသူ ၃၀ ေက်ာ္ေသဆံုးခဲ့သည္။
 
Ref : Indian farmers start hunger strike to pressure Modi on reforms
 
#PeopleMedia
 
(unicode)
ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ဝန်ကြီးချုပ်ကိုဖိအားပေးသည့်အနေဖြင့် အိန္ဒိယလယ်သမားများ အစာအငတ်ခံဆန္ဒပြ
…………………………………………………………
 
နယူးဒေလီ၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တနင်္လာနေ့မှစတင်ပြီး အိန္ဒိယနိုင်ငံရှိလယ်သမားများက စိုက်ပျိုးရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု ၃ ခုပြုလုပ်ရန် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကိုတောင်းဆိုဖိအားပေးသည့်အနေဖြင့် ၂၄ နာရီအစာအငတ်ခံဆန္ဒပြခဲ့သည်။
 
မြို့တော်ဒေလီအစွန်အဖျားတွင် ၃ ပတ်ကြာသည်အထိ လယ်သမားများကစခန်းချသည့်အကြပ်ဆိုက်မှုကိုအဆုံးသတ်ရန် နောက်ထပ်ဆွေနွေးမှုများတွင်ပါဝင်ရေးအတွက် မိုဒီ၏အစိုးရအဖွဲ့က လယ်သမားများကိုတိုက်တွန်းနေသည်။
 
ဟာယာနာနှင့် အူတရာပရာဒေ့ရှ်ပြည်နယ်တို့နှင့်ဆက်သွယ်သည့်လမ်းများကို ပိတ်ဆို့ဆန္ဒပြသည့်ဆန္ဒပြပွဲများကြောင့် အများပြည်သူသုံးဆက်သွယ်ရေးလမ်းကြောင်းများ၊ ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများပို့ဆောင်မှုတို့ကို ထိခိုက်နေသည်။
 
ထောက်ခံသူများအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် အစားမစားဘဲနေရန် ဆန္ဒပြခေါင်းဆောင်များကတိုက်တွန်းနေသည်။
 
လက်လီစိတ်ဝယ်သူကုမ္ပဏီကြီများကိုကူညီပြီး အစိုးရက ကောက်ပဲသီးနှံများကို ဝယ်ယူမှုရပ်ဆိုင်းမည်ဟု လယ်သမားများ ကစိုးရိမ်နေသော ပြီးခဲ့သည့်စက်တင်ဘာတွင် လွှတ်တော်ကအတည်ပြုသည့်ဥပဒေများကို ဆန္ဒပြသူများက ကန့် ကွက်ဆန္ဒပြနေခြင်းဖြစ်သည်။
 
ထိုဥပဒေများအရ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများပိုများလာသဖြင့် လယ်သမားများဝင်ငွေပိုတိုးလာမည်ဖြစ်ကြောင်း မိုဒီ ကခုခံပြောသည်။
 
အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိအပူချိန်ကျဆင်းနေချိန်တွင် အပြင်ထွက်ဆန္ဒပြနေသဖြင့် မကြာသေးမီကာလအတွင်း ဆန္ဒပြသူ ၃၀ ကျော်သေဆုံးခဲ့သည်။
 
Ref : Indian farmers start hunger strike to pressure Modi on reforms
 
#PeopleMedia

Share this post