ဗြိတိန်ဝန်ကြီးချုပ်ကို ဘင်္ဂါလီများမှာ မြန်မာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့
PUBLISHED - September 20, 2019
စက်တင်ဘာ ၁၉ ရက်နေ့မှာ အသစ်ထွက်ရှိလာတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းရဲ့ စာအုပ်မှာ ဘင်္ဂါလီတွေကို မြန်မာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ၄င်းနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒေးဗစ် ကင်မရွန်းဟာ ၂၀၁၀ ခုနှစ်က ၂၀၁၆ ခုနှစ်အထိ ၄င်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလများအကြောင်းကို ရေးသားထားတဲ့ “ For the Record” စာအုပ်ထဲမှာ အခုလိုရေးသားချက်ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလက လန်ဒန်ကို လာရောက်လည်ပတ်ခဲ့စဉ်က အခုလို ပြောကြားခဲ့တာလို့ရေးသားထားပါတယ်။
“ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ကျွန်တော် သူကို ပြောပါတယ်။ သူပြန်ပြောတာက “ တကယ်တော့ သူတို့ဟာ မြန်မာတွေမဟုတ်ပါဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်လူမျိုးတွေပါ” လို့ ဒေးဗစ် ကင်မရွန်းရဲ့ “ For the Record” စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘင်္ဂါလီဒုက္ခသည်များအပေါ် အမြင်ကို ထည့်သွင်းရေးသားခဲ့ပါတယ်။
Ref; newsweek.com