မြင့်မားပြီး ဆီးနှင်းကျနေရာများအတွက် တိုက်ပွဲဝင်ရန် ဖွင့်လှစ်ထားသော အိန္ဒိယက စစ်သင်တန်း
PUBLISHED - May 22, 2019
အိန္ဒိယ စစ်တပ်ပာာ မြင့်မားပြီး ဆီးနှင်းကျ နေရာများအတွက် တိုက်ပွဲဝင်ဖို့ Gulmargမှာ စစ်သင်တန်းကျောင်းဖွင့်လှစ်ထားပါတယ်။ ဒီစစ်သင်တန်းကျောင်းကို High Altitude Waefare School (HAWS)လို့ အမည်ပေးထားပါတယ်။
စစ်သင်တန်း ဖွင့်လှစ်ထားတဲ့ နေရာကလည်း ဆီးနှင်းတွေရှိနေတဲ့ တောင်
တန်းဝန်းကျင်ဖြစ်ပါတယ်။ ဒီစစ်သင်တန်းပာာ ကမ္ဘာ့မှာထင်ရှားကျော်ကြားတဲ့ စစ်သင်တန်းတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။
သင်တန်းမှာ ထူးချွန်သူတွေကို အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်စတဲ့ နိုင်ငံ
တွေကို ပို့ပြီး အထူးသင်တန်းတွေ တက်ရောက်သင်ယူစေပါတယ်။ gilgit-baltistan တိုက်ပွဲမှာ ပါကစ္စတန်ကို ရူံးနိမ့်ပြီးနောက် HAWS သင်တန်းကို ၁၉၄၈ မှာ စတင် ဖွင့်လှစ်ခဲ့တာပါ။
HAWS သင်တန်းမှာ Mountain Warfare နဲ့ Snow Warfare သင်ခန်းစာနှစ်မျိုးကို အဓိက ပို့ချပါတယ်။ ဒါ့အပြင် ရေခဲပြင်အားကစားနည်းတွေကို ပို့ချပေးနေပါတယ်။
https://www.facebook.com/303185163868226/videos/512022622996932/