မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး မုံရွာ-စစ်ကိုင်းလမ်းမကြီးသို့ ချိန်ထားသည့် ရှော့တိုက်မိုင်းများကို လုံ ခြုံရေးအဖွဲ့များ ရှင်းလင်း

PUBLISHED - February 3, 2022
မုံရွာ၊ ဇန်နဝါရီ ၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြင်းမူမြို့နယ်၊ ထီးဆောင်ကျေးရွာအနီး မုံရွာ-စစ်ကိုင်းလမ်းမကြီးသို့ ချိန်ထား သည့် ရှော့တိုက်မိုင်းများကို လုံခြုံရေးအဖွဲ့များက ယနေ့မွန်းလွဲ (၁း၃၀) အချိန်၌ ရှင်းလင်းနိုင်ခဲ့သည်။
“လုံခြုံရေးအဖွဲ့တွေ သတ်မဲ့ပြုလုပ်ပြီး ရှင်းလင်းသွားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့၌ မုံရွာ-ပုသိမ်လမ်းမကြီး၊ အောင်ဇေယျလမ်းဆုံမှ လက်ပံတောင်း လမ်းဆုံ တစ်လျောက်၌ ထောင်ထားသည့် ပီပါမိုင်းအပါအဝင် မိုင်း ၃၃ လုံးကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းနိုင်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းကလည်း မြင်းမူမြို့အဝင်ရှိ ရွှေတောင်တိုးဂိတ်ကို ဒေသခံ PDF အဖွဲ့များက မိုင်းထောင် ဖောက်ခွဲခဲ့သည်။
Photo – မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး၌ တွေ့ရှိရသောမိုင်းများ
#PeopleMedia #မြင်းမူမြို့
(unicode)
………………………………………………….