မြင်းခြံမြို့တွင် တစ်ရက်ထဲ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး
PUBLISHED - February 22, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် တစ်ရက်ထဲ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဒေသခံအကြမ်းဖက်များမှ သေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မြင်းခြံမြို့ရှိ ရသာကျေးရွာတွင်နေသည့် အမျိုး သားဖြစ်သူ အုပ်ချုပ်ရေးမှူးခွဲတာဝန်ခံ ဦးတင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ကို ဒေသခံအကြမ်းဖက်များမှ နေအိမ်ခြံ အတွင်းသို့ မော်တော်ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၄၅ မိနစ်အချိန်တွင် မြင်းခြံမြို့ရှိ လေးဆုံကျေးရွာအတွင်း ယာခင်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကိုလည်း ဒေသခံအကြမ်းဖက်များမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရ ပါတယ်။
ယင်းဖြစ်စဉ်နှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီးရှိ မတ္တရာ မြို့နယ်၊ ငါးလုံးပြွန်ကျေးရွာအနီးရှိ ရေမြောင်းကမ်းစပ်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး နေသည့် ဖြစ်စဉ်များလည်းပေါ်ပေါက်ခဲ့ပါတယ်။
Photo – Credit
#PeopleMedia
(unicode)
……………………………………………
Photo – Credit
#PeopleMedia