မြင်းခြံမြို့ရှိ မုန့်ဟင်းခါးဆိုင်အတွင်းသို့ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ၈ လ အရွယ် ကလေးငယ်သေဆုံး

PUBLISHED - August 12, 2021
မန္တလေး၊ ဩဂုတ် ၁၂ (People Media)
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လက်နက်ကိုင်အဖွဲ့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မုန့်ဟင်းခါးဆိုင် အတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာ ကျည်ထိမှန်၍ ၈ လအရွယ် ကလေးငယ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်း၌ မြင်းခြံမြို့ရှိ အိမ်ဆိုင်ဖွင့်၍ မုန့်ဟင်းခါးရောင်းချနေသည့် ဆိုင်အတွင်းသို့ လက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ရာ (၈) လအရွယ်ခန့်ရှိသော မိန်းကလေးငယ် သေဆုံးခဲ့သလို ကလေးငယ်၏ မိဘနှစ်ဦးသည် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်တလောအချိန်၌ ကျူးလွန်သည်ဟု ယူဆရသူ အမျိုးသားနှစ်ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
#PeopleMedia #မြင်းခြံမြို့
(unicode)
…………………………………………………………
မန်တလေး၊ ဩဂုတျ ၁၂ (People Media)