မြစ်ကြီးနားတွင် ဆန္ဒထုတ်ဖော်သူနှစ်ဦး ကျည်ထိမှန် တစ်ဦးပွဲချင်းပြီးသေဆုံး

PUBLISHED - March 8, 2021
မြစ်ကြီးနား၊ မတ် ၈ (People Media)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဟုဆိုကာ ပြုလုပ်သော လူထုသပိတ်ဆန္ဒပြ သူနှစ်ဦး ကျည်ထိမှန်ထားပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒပြမှုတွင်ပါဝင်တစ်ဦးက ယခုကဲ့သို့ပြောသည်။
“တစ်ယောက်ကတော့ အရင်က ဒေါက်တာယောဟန်အ့နားမှာ အဲ့ဒါကတော့ ခေါင်းပွင့်သွားတာပေါ့၊ နောက် တစ်ယောက်ကတော့ အခုသံလမ်းဘက်မှာ သေသွားတယ်။ တစ်ယောက်ကတော့ သေတယ် နောက်တစ် ယောက်ကတော့ ဘယ်လိုလည်းမသိသေးဘူး” ဟုပြောသည်။
လက်ရှိ မြစ်ကြီးနားမြို့တွင် ဆန္ဒပြပြည်သူများအား ရဲနှင့် တပ်မတော်သားများက လူစုလူဝေးမဖြစ်စေရန် လူစုဖြိုခွဲခြင်း၊ လိုက်လံဖမ်းဆီးခြင်း၊ ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိသည်။
Photo – Credit
#PeopleMedia
(unicode)
…………………………………………….
Photo – Credit
#PeopleMedia