• Follow Us on

Home မြစ်ကြီးနားတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦးသည် ယာဉ်နောက်ဆုတ်ရာ လီဗာနှင့် ဘရိတ် မှားနင်းမိပြီး ပလက်ဖောင်း၌ ထိုင်နေသော အမျိုးသားတစ်ဦး အတိုက်ခံရပြီး သေဆုံး

မြစ်ကြီးနားတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦးသည် ယာဉ်နောက်ဆုတ်ရာ လီဗာနှင့် ဘရိတ် မှားနင်းမိပြီး ပလက်ဖောင်း၌ ထိုင်နေသော အမျိုးသားတစ်ဦး အတိုက်ခံရပြီး သေဆုံး

Share this post

မြစ်ကြီးနား၊ မတ် ၁၁

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ က.ည.န ယာဉ်မောင်းလက်တွေ့စစ်ဆေးကွင်းတွင် ယာဉ် မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦးသည်  ယာဉ်နောက်ဆုတ်ရာ လီဗာနှင့် ဘရိန် မှားနင်းမိပြီး  ယာဉ် နောက်ရှိ ပလက်ဖောင်းတွင် ထိုင်နေသည့် အမျိုးသားတစ်ဦး အတိုက်ခံရပြီးနောက် သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်နေ ဒေါ်နွယ်နွယ်သိန်းမှ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၏ ယာဉ်မောင်းလက်တွေ့စစ်ဆေးမှုဖြစ်သည့် ကားနောက်ဆုတ်ပါကင်ထိုးစဉ် အရှိန်လွန်၍ အနောက်ဘက် ပလက်ဖောင်းတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးအား ဝင်တိုက်မိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူအမျိုးသားမှာ ယာဉ်မောင်းလိုင်စင်လာရောက်ဖြေဆိုသည့် ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၅၇ နှစ်အရွယ် ဦးဌေးညွှန့်ဆိုသူဖြစ်ပြီး ရရှိသည့်ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

“အမျိုးသမီးက လီဗာနဲ့ ဘရိတ်နဲ့ မှားနင်းမိပြီး ပလက်ဖောင်းမှာ ထိုင်နေတဲ့ အမျိုးသားကို တိုက်မိတာ” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သည့် အမျိုးသမီးကို ယာဉ်(ပ) ၄/၂၂ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အရေးယူထားသည်။

 

မြတ်မင်း

 

#PeopleMedia #EPN

 

(unicode)


……………………………………

 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post