PUBLISHED - September 9, 2020
အဆိုပါ ပိုးတွေ့လူနာမှာ အမျိုးသမီးဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် မြစ်ကြီးနား ဆေးရုံ၌ အထူးသီးသန့်ထားရှိ ကုသနေရာမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၈)ရက် ရှစ်နာရီတွင် အတည်ပြုထုတ်ပြန်ထားသည်။
လွမ်းအောင်
(unicode)
မြစ်ကြီးနား၌ ကိုဗစ် ၁၉ အတည်ပြုလူနာ တစ်ဦးရှိ
………………………………………
မြစ်ကြီးနား၊ စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ ရောဂါအတည်ပြု လူနာတစ်ဦးရှိပြီဖြစ်ကြောင်း မြစ်ကြီးနားပြည်သူဆေးရုံကြီးမှ သိရသည်။
”ကျွန်တော်တို့ စစ်ဆေးထားတဲ့ သံသယ လူနာပါပဲ။ သူက အေးမြသာယာကပါ။ သူ့ရဲ့ကျန်းမာရေး အခြေအနေကတော့ အခု လောလောဆယ် ဂရုတစိုက် ကုသနေရတယ်။” ဟု မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန် ဒေါက်တာနေဝင်းက ပြောသည်။
အဆိုပါ ပိုးတွေ့လူနာမှာ အမျိုးသမီးဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် မြစ်ကြီးနား ဆေးရုံ၌ အထူးသီးသန့်ထားရှိ ကုသနေရာမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ (စက်တင်ဘာလ ၈)ရက် ရှစ်နာရိီတွင် အတည်ပြုထုတ်ပြန်ထားသည်။
လွမ်းအောင်
#PeopleMedia #EPN #မြစ်ကြီးနား