မြစ်ကြီးနားမြို့ အာမခံရုံးအနီး လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ပေါက်မှုဖြစ်ပွား

PUBLISHED - March 19, 2022
မြစ်ကြီးနား၊ မတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက် အာမခံရုံးအနီး၌ မတ်လ ၁၈ ရက်နေ့၊ ၉ နာရီကျော်ခန့်က အသံ မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။
အဆိုပါပေါက်ကွဲမှုမှာ အသံမိုင်းဖြစ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြော သည်။
“အခုပေါက်ကွဲတဲ့နေရာက အစိုးရအခြေစိုက်ဝန်ထမ်းအိမ်ရာတွေရှိတယ်၊ ပညာရေးကောလိပ်နဲ့ ဝန်ထမ်းအိမ် ရာများတယ်။ လူထိခိုက်တာမရှိဘူး ပေါက်ကွဲမှုကြောင့် ပျက်စီးတာတော့မရှိဘူး မိုင်းက ပစ်ပေါက်တဲ့မိုင်းပါ ထောင်မိုင်းမဟုတ်ဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး နယ်မြေခံ တာဝန်ရှိရဲများရောက်ရှိလာကာ ပေါက်ကွဲမှုနှင့်ပတ်သတ်၍ စစ်ဆေး မှုများပြုလုပ်ခဲ့သည်။
#PeopleMedia
(unicode)
…………………………………
#PeopleMedia