
PUBLISHED - February 21, 2020
ဖေဖော်ဝါရီ ၂၁၊ ဂါယာ
Source – UNI
(Unicode)
မြန်မာခရီးသည်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့သံသယနဲ့ ဂါယာလေဆိပ်မှာထိန်းသိမ်းထား
………………………………………………………
ဖေဖော်ဝါရီ ၂၁၊ ဂါယာ
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်က ဂါယာနိုင်ငံတကာလေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံထား နိုင်ချေရှိတယ်ဆိုပြီး မြန်မာနိုင်ငံကခရီးသည်တစ်ယောက်ကို အနုဂါနာရာယန်းဆေးကောလိပ်ဆေးရုံမှာ ဖေဖော် ဝါရီ ၁၉ ရက်က တင်ထားပါတယ်။
ဂါယာနိုင်ငံတကာလေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ၊မရှိ နိုင်ငံခြားခရီးသည်တွေကို စစ်ဆေးခဲ့ ချိန်မှာ တွေ့ရှိခဲ့တာလို့ ဆေးရုံတာဝန်ခံဒေါက်တာ ဗီဂျေးခရစ်ရှနားကပြောပါတယ်။
စစ်ဆေးနေချိန်မှာ မြန်မာနိုင်ငံကနေလာတဲ့ခရီးသည်အယောက် ၃၀ ပါတဲ့အဖွဲ့နှစ်ဖွဲ့ထဲကတစ်ယောက်မှာ ကိုရို နာဗိုင်းရပ်စ်ကူးစက်ခံထားရတာနဲ့တူတဲ့ ရောဂါလက္ခဏာတွေပြနေတယ်ဆိုပြီးလည်း ဒေါက်တာခရစ်ရှနားက ပြောပါတယ်။
လူနာကိုဆေးရုံပို့ပြီး သွေးနမူနာအစီရင်ခံစာရောက်လာတဲ့အထိ သီးသန့်ထားပေးထားမှာဖြစ်ပါတယ်။ အစော ပိုင်းကလည်း ဘယ်သူဘယ်ဝါဆိုတာထုတ်မပြောထားတဲ့လူတစ်ယောက်ဟာလည်း ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ ဆေးရုံရောက်လာခဲ့ပါတယ်။
Source – UNI
Photo – Gaya International Airport Facebook
#PeopleMedia #CoronaVirus #COVID19 #Myanmar