ျမန္မာတပ္ဖြဲ႔မ်ားႏွင့္ ထိေတြ႕မႈျဖစ္ႏိုင္သည့္အေျခအေနတိုင္းအတြက္ ဘဂၤလားေဒ့႐ွ္ျပင္ဆင္ထား

PUBLISHED - September 16, 2020
ဒါကာ၊ စက္တင္ဘာ ၁၆
နယ္စပ္တြင္ ျမန္မာႏိုင္ငံကတပ္ဖြဲ႔မ်ားဆက္လက္ေနရာျဖန္႔က်က္ခ်ထားမႈေနာက္ခံ႐ွိေနမႈကို ဘဂၤလားေဒ့႐ွ္က အျပည့္အ၀သိ႐ွိထားၿပီး ျမန္မာႏိုင္ငံ၏လုပ္ရပ္မ်ားမွထြက္ေပၚလာႏိုင္သည့္အေျခအေနတိုင္းကိုရင္ဆိုင္ရန္ ျပင္ဆင္ထားေၾကာင္း ဘဂၤလားေဒ့႐ွ္အစိုးရအရာ႐ွိမ်ားက အဂၤါေန႔တြင္ေျပာသည္။
တစ္ခ်ိန္တည္းတြင္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ကကဲ့သို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဘဂၤလားေဒ့႐ွ္ဘက္ကအတင္းအဓမၼေမာင္းထုတ္ရန္ ျမန္မာဘက္ကအားထုတ္မႈမ်ားကို ဖ်က္ဆီးသြားမည္ဟု ႐ွင္း႐ွင္းလင္းလင္းအသိေပးသည္။
သတင္းရင္းျမစ္မ်ား၏အေျပာအရ ျမန္မာတပ္မေတာ္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေရးလိုလားေနသည့္ေအေအ တပ္ဖြဲ႔တို႔ၾကားတိုက္ပြဲမ်ားအတြက္ ဘဂၤလားေဒ့႐ွ္နယ္စပ္နားတြင္ တပ္ဖြဲ႔မ်ားေနရာခ်ထားျခင္းျဖစ္ႏိုင္သည္။
ထိုတပ္ဖြဲ႔မ်ားေနရာခ်ထားမႈသည္ ေသြးထိုးမႈႏွင့္ ေဒါသေၾကာင့္လည္းျဖစ္ႏိုင္ေၾကာင္း သတင္းရင္းျမစ္မ်ား ကေျပာၿပီး ျမန္မာတပ္မေတာ္ကို မယံုၾကည္ႏိုင္ေၾကာင္းလည္းေျပာသည္။
တပ္ဖြဲ႔၀င္မ်ားေနရာခ်ထားျခင္းသည္ ရခိုင္ႏွင့္ခ်င္းျပည္နယ္မ်ားတြင္ တိုက္ပြဲမ်ားျဖစ္ပြားျခင္းအတြက္ ရည္႐ြယ္ႏိုင္ေသာ္လည္း ယခင္အေျခအေနမ်ားအရ ျမန္မာႏိုင္ငံကိုယံုၾကည္၍မျဖစ္ႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္အစိုးရအရာ႐ွိႀကီး ၂ ေယာက္ကေျပာသည္။
သိသာထင္႐ွားသည့္အေၾကာင္းျပခ်က္မ်ားေၾကာင့္ ျပဳလုပ္ထားၿပီးႏွင့္ျပဳလုပ္ေနေသာအစီအမံမ်ားကို အမ်ားျပည္သူကိုခ်ျပ၍မျဖစ္ႏိုင္ေၾကာင္းလည္း ေျပာၾကသည္။
Ref : Myanmar troops at border: Bangladesh prepared for any situation
(unicode)
မြန်မာတပ်ဖွဲ့များနှင့် ထိတွေ့မှုဖြစ်နိုင်သည့်အခြေအနေတိုင်းအတွက် ဘင်္ဂလားဒေ့ရှ်ပြင်ဆင်ထား
……………………………………………………
ဒါကာ၊ စက်တင်ဘာ ၁၆
နယ်စပ်တွင် မြန်မာနိုင်ငံကတပ်ဖွဲ့များဆက်လက်နေရာဖြန့်ကျက်ချထားမှုနောက်ခံရှိနေမှုကို ဘင်္ဂလားဒေ့ရှ်က အပြည့်အဝသိရှိထားပြီး မြန်မာနိုင်ငံ၏လုပ်ရပ်များမှထွက်ပေါ်လာနိုင်သည့်အခြေအနေတိုင်းကိုရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိများက အင်္ဂါနေ့တွင်ပြောသည်။
တစ်ချိန်တည်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်ကကဲ့သို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘင်္ဂလားဒေ့ရှ်ဘက်ကအတင်းအဓမ္မမောင်းထုတ်ရန် မြန်မာဘက်ကအားထုတ်မှုများကို ဖျက်ဆီးသွားမည်ဟု ရှင်းရှင်းလင်းလင်းအသိပေးသည်။
သတင်းရင်းမြစ်များ၏အပြောအရ မြန်မာတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးလိုလားနေသည့်အေအေ တပ်ဖွဲ့တို့ကြားတိုက်ပွဲများအတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်နားတွင် တပ်ဖွဲ့များနေရာချထားခြင်းဖြစ်နိုင်သည်။
ထိုတပ်ဖွဲ့များနေရာချထားမှုသည် သွေးထိုးမှုနှင့် ဒေါသကြောင့်လည်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များ ကပြောပြီး မြန်မာတပ်မတော်ကို မယုံကြည်နိုင်ကြောင်းလည်းပြောသည်။
တပ်ဖွဲ့ဝင်များနေရာချထားခြင်းသည် ရခိုင်နှင့်ချင်းပြည်နယ်များတွင် တိုက်ပွဲများဖြစ်ပွားခြင်းအတွက် ရည်ရွယ်နိုင်သော်လည်း ယခင်အခြေအနေများအရ မြန်မာနိုင်ငံကိုယုံကြည်၍မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိကြီး ၂ ယောက်ကပြောသည်။
သိသာထင်ရှားသည့်အကြောင်းပြချက်များကြောင့် ပြုလုပ်ထားပြီးနှင့်ပြုလုပ်နေသောအစီအမံများကို အများပြည်သူကိုချပြ၍မဖြစ်နိုင်ကြောင်းလည်း ပြောကြသည်။
Ref : Myanmar troops at border: Bangladesh prepared for any situation