မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်းမည်ဟု တရုတ်နိုင်ငံ မျှော်လင့်

PUBLISHED - February 2, 2021
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁ (People Media)
မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုများကို ဖြေရှင်းပြီး နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှုရရှိအောင် ထိန်း သိမ်းနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန် ဘင်က ယနေ့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူဘောင်နဲ့အညီ သ ဘောထားကွဲလွဲမှုတွေကို ကောင်းမွန်စွာ ဖြေရှင်းပြီး နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှု ထိန်းသိမ်းနိုင်မယ်လို့ ကျွန် တော်တို့ မျှော်လင့်ပါတယ်” ဟု ဝမ်က ပြောသည်။
ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ မဲမသမာမှုများရှိသည်ဟုဆိုကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း ပြီးနောက် မြန်မာ့တပ်မတော်က တစ်နှစ်သက်တမ်းရှိ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။
မြဝတီရုပ်သံမှထုတ်ပြန်ချက်အရ နိုင်ငံ့အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အပ်နှင်းခဲ့ကြောင်း သိရသည်။
အရေးပေါ်အခြေအနေကုန်ဆုံးလျင် ရွေးကောက်ပွဲသစ် ကျင်းပကာ အစိုးရသစ်ထံ အာဏာအပ်နှင်းမည် ဟု မြန်မာ့တပ်မတော်က ပြောသည်။
ကိုးကား – ဆင်ဟွာ
Ref; China hopes all sides in Myanmar properly manage differences
(unicode)
…………………………………………….
Ref; China hopes all sides in Myanmar properly manage differences