မြန်မာနိုင်ငံက Facebook account နဲ့ page ၂၀၀ ကျော် အပိတ်ခံရ
PUBLISHED - September 24, 2019
မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ page၊ group နဲ့ account ၂၁၆ ခုကို ပိတ်ပစ်ခဲ့တယ်လို့ Facebook က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အပိတ်ခံရတဲ့ တချို့က တပ်မတော်နဲ့ ဆက်နွယ်မှုရှိနေပြီး အများပြည်သူကြား အငြင်းပွားစရာဖြစ်အောင် ဖန်တီးမှုတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ Facebook ဟာ Facebook account ၈၉ ခု၊ Page ၁၀၇ ခု၊ Group ၁၅ ခုနဲ့ အင်စတာဂရမ်အကောင့် ၅ ခုတို့ကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။
Facebook ဟာ ယခင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ရာနဲ့ချီတဲ့ Facebook account တွေကို ပိတ်ပစ်ခဲ့ပြီးဖြစ်ပါတယ်။ အခု အပိတ်ခံရတဲ့ account တွေဟာ သတင်းများ၊အနုပညာ အကြောင်းအရာများ၊ အမျိုးသားရေးနဲ့ ပြည်တွင်းရေးရာကိစ္စရပ်များ၊ မူခင်း၊တိုင်းရင်းသားရေးရာနဲ့ နာမည်ကျော်ကြားသူများအပါအဝင် တပ်မတော်အကြောင်းတွေကိုပါ ပို့စ်တင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
Ref; telegraphindia.com