• Follow Us on

Home မြန်မာနိုင်ငံမှ ဆန္ဒထုတ်‌ဖော်မှုများအပေါ် အကြမ်းဖက်ဖြိုခွဲမည်စိုးရိမ်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတိပေး

မြန်မာနိုင်ငံမှ ဆန္ဒထုတ်‌ဖော်မှုများအပေါ် အကြမ်းဖက်ဖြိုခွဲမည်စိုးရိမ်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်သတိပေး

Share this post

နယူးယောက်၊ ဖေဖော်ဝါရီ ၁၈
မြို့ကြီးများတွင် အစောင့်အကြပ်များချထားသည့်မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို ဖီဆန်သည့်အနေဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သောဆန္ဒထုတ်‌ဖော်သူများက ထောက်ခံသူများကို လမ်းပေါ်ထွက်ရန် တိုက်တွန်းနေချိန်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်ဖြိုခွဲမှုများဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများမြင့်တက်နေသည်။
စီစဉ်ထားသောအကြီးအကျယ်ဆန္ဒထုတ်ဖော်မှုများနှင့် တပ်ဖွဲ့များတွေ့ဆုံပါက အကြမ်းဖက်နှိမ်နှင်းမှုများဖြစ်လာနိုင်ကြောင်း စိုးရိမ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူးကပြောသည်။
အခြားနေရာမှတပ်ဖွဲ့များကို ရန်ကုန်မြို့သို့ပြောင်းရွှေ့နေရာချထားသည့်သတင်းများကြားသိနေရကြောင်းလည်း မစ္စတာ အန်ဒရူးကပြောသည်။
ယခင်ကလည်း ထိုကဲ့သို့တပ်ဖွဲ့များပြောင်းရွှေ့နေရာချထားမှုသည် သတ်ဖြတ်မှုများ၊ လူပျောက်မှုများနှင့် အကြီးအကျယ်ဖမ်းဆီးမှုများဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံသားများအပေါ် ပိုမိုကြီးကျယ်သောပြစ်မှုများကျူးလွန်နိုင်ချေရှိသည်ဟု ယူဆထားကြောင်းလည်းပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများတွင်ပါဝင်သည်ဟု အထောက်အထားများရှိခဲ့သည့် ‌ခြေမြန်တပ်ရင်းများမှစစ်သားများကို ပြီးခဲ့သည့်တပတ်အတွင်း ရန်ကုန်တွင်မြင်တွေ့ခဲ့ရသည်။
ထိုအထူးသောင်းကျန်းသူနှိမ်နှင်းရေးတပ်ဖွဲ့များသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။
ထိုတပ်ဖွဲ့များသည် ဆန္ဒထုတ်ဖော်သူများကို ရက်ရက်စက်စက်ဖြိုခွင်းသည့်ရာဇဝင်ရှိသူများလည်းဖြစ်သည်။
အခြားတပ်ဖွဲ့များက အ‌ခြေအနေတရပ်ကို မကိုင်တွယ်နိုင်ချိန်တွင် ထိုတပ်ဖွဲ့များက လမ်းပေါ်သို့ချက်ချင်းနေရာဖြန့်ကျက်ချထားနိုင်သောတပ်ဖွဲ့များဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)၏ အကြပ်အတည်းနှင့်ပဋိပက္ခဆိုင်ရာသုတေသီ ရစ်ချတ် ဝီယာကပြောသည်။
Ref : ‘Terrified’ UN envoy issues warning on Myanmar as protesters face down military
#PeopleMedia
(unicode)
……………………..
Ref : ‘Terrified’ UN envoy issues warning on Myanmar as protesters face down military
#PeopleMedia


Share this post