မြန်မာနိုင်ငံအတွင်း အကြီးဆုံးရေကူးကန်ဖြစ်လာမည့် ကချင်ပြည်နယ် ရေကူးကန် တည်ဆောက်မှု (၇၅) ရာခိုင်နှုန်းပြီးစီး
PUBLISHED - December 12, 2021
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၁၂ (People Media)
မြန်မာနိုင်ငံအတွင်း အကြီးဆုံးရေကူးကန်ဖြစ်လာမည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တည်ဆောက်နေ သည့် ရေကူးကန်ကြီးမှာ လက်ရှိအချိန်အထိ ၇၅ ရာခိုင်နှုန်းခန့် တည်ဆောင်ပြီးစီးပြီးဖြစ်ကြောင်း ကချင်ပြည် နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ ရေကူးကန်ကြီးကို (၂၀၂၀-၂၁) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် တည်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပြီးစီအောင်တည်ဆောက်သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
“ရေကူးကန်ကြီးက တိုင်းနှင့် ပြည်နယ်တွေထဲမှာ အကြီးဆုံးဖြစ်လာမှာဟုတ်တယ်၊ (၂၀၂၀-၂၁) ဘတ်ဂျက်နဲ့ တည်ဆောက်တာဖြစ်တယ်၊ သိန်းပေါင်း (၂၀၀၀၀) ခန့် အသုံးပြုထားတယ်၊ အခုတော့ ၇၅ ရာခိုင်နှုန်း ပြီးပြီဖြစ် တယ်” ဟု ၎င်းကပြောသည်။
ယင်းရေကူးကန်ကြီးကို သီတာရပ်ကွက်ရှိ ကားကြီးကွင်းဟောင်းနေရာတွင် ယခုနှစ်အစပိုင်းခန့်က စတင်တည် ဆောက်နေခြင်းဖြစ်ပြီး အလျား (၁၅၀) ပေ၊ အနံ (၇၅) ပေရှိပြီး ပြေးလမ်း (၁၀) လမ်းပါဝင်မှာဖြစ်ကာ ယခုလ တွင် အပြီးတည်ဆောက်သွားဖို့ရှိကြောင်း သိရသည်။
ဗညားနွဲ့(EPN)
#PeopleMedia #EPN #မြန်မာနိုင်ငံအတွင်းအကြီးဆုံးရေကူးကန်
(unicode)
……………………………………………………………