မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှု ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် မျှော်လင့် ထားကြောင်း စီမံဘဏ္ဍာဒုဝန်ကြီးပြောကြား
PUBLISHED - October 22, 2021
နေပြည်တော်၊ အောက်တိုဘာ ၂၂ (People Media)
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
အာဆီယံ+၃ နိုင်ငံများ၏ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယမန်နေ့နံနက် နံနက်ပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါဝင်တက်ရောက်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ စီးပွားရေး သည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroe conomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့ သည်ကို ဖော်ပြထားပါကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခုအခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်းပြည်သူများ အတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ် တိုးချဲ့ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးခံခဲ့ရသည့် စီးပွား ရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာသောချေးငွေများ ထုတ်ချေးမည့်အစီအစဉ်များ ပါဝင်ပါကြောင်း ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေးကိုလည်း စီးပွားရေးဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့ဖြစ်၍ IMF မှ တင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ADB မှ တင်ပြသည့် အာရှဒေသလယ်ယာစိုက်ပျိုးရေးစနစ် အသွင် ပြောင်း ဆောင်ရွက်သင့်သည့်မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများ သည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။
#PeopleMedia
(unicode)
………………………………………………………………………
#PeopleMedia