မြန်မာနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလအတွင်း၌ စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ပြီး ဆေး စတင်ထုတ်လုပ်ချိန်မှစ၍ တစ်လလျှင် ဆေးအလုံးရေ ၅ သန်း ထုတ်လုပ်ရေး ရည်မှန်ထားကြောင်း န-စ-က ဥက္ကဋ္ဌ ပြောဆို

PUBLISHED - December 14, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၁၄ (People Media)
ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီ လအတွင်း စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဆေးစတင်ထုတ်လုပ်ချိန်မှစ၍ တစ်လလျှင် ဆေးအ လုံးရေ ၅ သန်း ထုတ်လုပ်ရေး ရည်မှန်ထားကြောင်း န-စ-ကဥက္ကဋ္ဌက ပြောဆိုသည်။
မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းရောဂါပိုးများ ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံ အချို့နှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကူးစက်မှုများရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံထားသူများတွင် ထိခိုက်မှုနှုန်းနည်းပါးသည်ဟု သိရှိရ ကြောင်း၊ ရောဂါကူးစက်မှုများပြားလာပါက အဆင့်သင့်ကုသနိုင်ရေး ဆေးရုံ၊ ဆေးခန်းများကိုလည်း ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရရှိရေးအတွက် တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်တို့မှ ဝယ်ယူ တင်သွင်းရလျက်ရှိသည်။
#PeopleMedia #COVID_19
(unicode)
……………………………………………………………..
#PeopleMedia #COVID_19