• Follow Us on

Home မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း န-စ-က ဒုဥက္ကဋ္ဌ ပြောဆို

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း န-စ-က ဒုဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၃ (People Media)

 

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

(၂၂) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Army Multil ateral Meeting) ကို ယမန်နေ့နံနက်ပိုင်းတွင် Virtual Coferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယတပ်မ တော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို အမြဲတစေလေးစားခဲ့သလို မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းလည်းမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ အာဆီယံထိပ်သီး အစည်းအဝေးတွင်မက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီ လား ဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြော သည်။

 

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ်ပြင်လွယ် တောင်း ဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ်တ်စဦးကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့ အစည်းကမျှ တွေ့ခွင့်မရှိသည့်အချက်ကို ကျော်လွန်၍ တွေ့ခွင့်ရရန်မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ ကြေညာချက်သည် အာဆီယံ၏ပဋိညာဉ်အပိုဒ် ၂၀(၁) ဖြစ်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက်၊ အပိုဒ် ၂ (၂) (က)၊ (င) နှင့် (စ) ပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးမစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး စသည့်မူများနှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရကြောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

အာဆီယံ၏ သဘောတူညီချက် (၅) ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ “နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်း သည်” ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာခဲ့သည်ကိုလည်း အဆွေတော်တို့မှ တစ်ဆင့် နိုင်ငံ့ခေါင်းဆောင်အသီးသီးအား ပကတိအခြေ အနေမှန်ကို အသိပေးတင်ပြနိုင်ရေးကိုလည်း ဆွေးနွေးလိုကြောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ပြောသည်။

 

ယခုကဲ့သို့ ASEAN Centrality၊  ASEAN Unity နှင့် ASEAN Way များကို ကျော်လွန်ဆောင်ရွက်လာ သည်မှာ မြန်မာနိုင်ငံတစ်ခုတည်းအပေါ်ကိုသာ သက်ရောက်မည်မဟုတ်ဘဲ ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများအားလုံး အပေါ်တွင်လည်း တစ်နည်းမဟုတ်တစ်နည်း မည်သည့် အချိန်မျိုးတွင်မဆို ယခုကဲ့သို့ အာဆီယံပြင်ပ အသိုက်အဝန်းများ၏ အသွေး အရောင်စုံ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံးညီ ညွတ်သော အာဆီယံအဖွဲ့အတွင်း ဝင်ရောက်စွက်ဖက်မှုများ၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံအချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများ ရှိလာနိုင်သည်ကိုလည်း သတိပြုကြစေလိုကြောင်း၊ ပိုမိုစည်းလုံးညီညွတ်သည့် အာဆီယံအသိုက်အဝန်းဖြစ်လာရန်အတွက် အာဆီယံကြည်းတပ်များအဆင့်မှသည် နိုင်ငံအဆင့်အထိ ယခင်ထက်ပို၍ နားလည်မှုရှိရန်၊ ယုံကြည်မှုရှိရန်၊ အပြန်အလှန်လေးစားရန် လိုအပ်သည်ဟု ပြောကြားလိုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post