မြန်မာပလာဇာရှေ့ရှိ ယာဉ်ထိန်းရဲရုံးအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

PUBLISHED - September 6, 2021
နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြန်မာပလာဇာ ဘေးဘက် မီးပွိုင့်ထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီး၌ ယနေ့ နံနက်အစောပိုင်းက ဗုံးပေါက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာပလာဇာအနီး နေထိုင်သူများထံမှ သိရပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ယာဉ်ထိန်းရဲရုံးအနီး အနည်းငယ် ပျက်စီးသွား ကြောင်း သိရပါတယ်။
ယမန်နေ့ကလည်း ကမာရွတ်မြို့နယ်၊ (၇) ရပ်ကွက်ရှိ စည်ပင်ရဲဝန်ထမ်း အိမ်ယာဝင်းအတွင်း ညနေ ၆ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းသို့ဖြစ်ပွားခဲ့သလို စက်တင်ဘာလအတွင်း ရန်ကုန်မြို့ အတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေလျက်ရှိသည်။
#PeopleMedia #မြန်မာပလာဇာအနီးဗုံးကွဲ
(unicode)
…………………………………………………………………