မြန်မာရဲတပ်ဖွဲ့၏ ဆန္ဒပြသူများအပေါ် ပစ်ခတ်ဖြိုခွင်းမှုကို ဂျပန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ ရှုတ်ချ

PUBLISHED - February 11, 2021
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၁ (People Media)
မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် ပစ်ခတ်နှိမ်နင်းမှုများအတွက် ဂျပန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန် ကြီးများက ရှုတ်ချလိုက်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုသည် ယမန်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘင်လင်ကန်နှင့် ဖုန်းဖြင့် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒပြသူများအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှုအပေါ် ၎င်းတို့နှစ်ဦးက ရှုတ်ချခဲ့သည်။
အရပ်သားများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး မြန်မာအာဏာပိုင်များထံ တောင်းဆိုရန် ၎င်းတို့က သဘောတူခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားသော တာဝန်ရှိသူများကို လွှတ်ပေးရေးတိုက်တွန်းရန်နှင့် ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ဖော်ထုတ်ရန် ၎င်းတို့က သဘောတူခဲ့သည်။
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က မြန်မာ့အခြေအနေကို အနီးကပ် အတူလက်တွဲဆောင်ရွက်ရန် ၎င်းတို့က ထပ်လောင်းအတည်ပြုခဲ့သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Japan, US condemn gunshots by Myanmar officers
#PeopleMedia
(Unicode)
……………………………………………………………..
Ref; Japan, US condemn gunshots by Myanmar officers
#PeopleMedia