မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံသား ၆ ဦးမှ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ကို စက်ရုံမှ မဖြေရှင်း ပေးရာ မြန်မာလုပ်သားများမှ အလုပ်မဆင်းဘဲ ဆန္ဒပြ
PUBLISHED - August 5, 2021
နေပြည်တော်၊ သြဂုတ် ၅ (People Media)
မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံသား ၆ ဦးမှ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ကို စက်ရုံမှ မဖြေရှင်း ပေးရာ မြန်မာလုပ်သားများမှ အလုပ်မဆင်းဘဲ ဆန္ဒပြလျက်ရှိကြောင်း မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး အဖွဲ့(ACC) မှ သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ ဖိကဆင် 91 Cal-Comp Electironcs စက်ရုံတွင် ထိုင်းလူမျိုးအလုပ်ခေါင်းဆောင် အမျိုး သမီးကို ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးမှ ထိုးကြိတ်နေ၍ ဝင်တားမိရာ ယင်းမြန်မာလုပ်သားတစ်ဦးကို အလုပ်အပြန်စောင့်၍ အုပ်စုလိုက် အနိုင်ကျင့်ဓားနှင့် ဝိုင်းခုတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ ပြဿနာ မပြီး သေးဟုဆိုသည်။
ညဆိုင်းအလုပ်ဝင်မည့် အလုပ်သမားများလည်း အလုပ်ခွင်မဝင်ဘဲ ယခုလို အုပ်စုဖြင့်အနိုင်ကျင့်သည်ကို စက်ရုံမှဖြေရှင်းပေးရန် သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြတောင်းဆိုလျက်ရှိသည်။
Photo – ကိုရဲမင်း မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့(ACC)
(unicode)
……………………………………………………………………