မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံသို့ အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ယနေ့တွင်စတင် ရောက်ရှိမည်

PUBLISHED - January 20, 2021
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကတိပြုထားသည့်အကူအညီများအနေဖြင့် မြန်မာ၊ ဘူတန်၊ မော်ဒိုက်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆေးချဲလ် နိုင်ငံတို့ကို ဗုဒ္ဓဟူးနေ့မှစတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများပို့ဆောင်သွားမည်ဟု အိန္ဒိယနိုင်ငံက အင်္ဂါနေ့တွင်ပြောသည်။
ထို့အပြင် သက်ဆိုင်ရာအစိုးရအေဂျင်စီများ၏အတည်ပြုချက်ရပါက သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် မော်ရေး ရှပ်နိုင်ငံတို့ကိုလည်း ပို့ဆောင်မည်ဖြစ်သည်။
ကမ္ဘာ့အသိုက်အဝန်း၏ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များကိုပြည့်မီသည့် ကြာရှည်ယုံကြည်ရသော မိတ်ဖက်တနိုင်ငံဖြစ်ခြင်းအတွက် လေးလေးနက်နက်ဂုဏ်ယူမိပြီး ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအများအပြားသို့ ကာကွယ်ဆေးများစတင်ပို့ဆောင်မည့်အပြင် ရက်ပိုင်းအတွင်း ဆေးများဖြန့်ချိမည်ဟု ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တွစ်တာတွင်ပြောသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အများဆုံးဆေးထုတ်လုပ်သည့်နိုင်ငံများထဲတွင်ပါဝင်သည်။
ပြည်တွင်းလိုအပ်ချက်များနှင့်ချိန်ညှိကာ လာမည့်သီတင်းပတ်များနှင့်လပိုင်းအတွင်း မိတ်ဖက်နိုင်ငံများသို့ ကိုရို နာဗိုင်းရပ်စ်ကာကွယ်ဆေးများ အဆင့်လိုက်ပို့ဆောင်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗီရှီး နှင့် ကိုဗက်ဆင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ မျိုးကို အကြီးအကျယ်ထိုး ပေးမှုများစတင်နေပြီး နိုင်ငံတဝန်းမှရှေ့တန်းကျန်းမာရေးလုပ်သားများကို ထိုးနှံရန် ညွှန်ကြားထားသည်။
Ref : Maldives, Nepal Among 6 Nations To Get Vaccines From India From Today
#PeopleMedia
(unicode)
………………………………………………
Ref : Maldives, Nepal Among 6 Nations To Get Vaccines From India From Today
#PeopleMedia