မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဝန်ထမ်းအမျိုးသားတစ်ဦး နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသလို ၎င်း၏ နေအိမ်လည်း လက်လုပ်မိုင်းထောင်ထားခြင်းခံခဲ့ရ

PUBLISHED - December 15, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (People Media)
ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၌ ဝန်ထမ်းအဖြစ်လုပ်ကိုင်သည့် အမျိုး သားတစ်ဦးသည် လက်ဖက်ရည်ဆိုင်ထိုင်ပြီး အပြန် နေအိမ်ရှေ့အရောက်၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲက လုပ်ကြံခံခဲ့ရသည့် အမျိုးသားသည် လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ် ကြံခင်းစုရပ်ကွက်၊ မေတ္တာလမ်း၊ ၎င်း၏နေအိမ်ရှေ့လမ်းပေါ်၌ အမည်မသိ အမျိုးသား တစ်ဦးက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဦးလေး သန်းဌေးအောင်က သဘောလည်းကောင်းတယ်။ ဖော်ဖော်ရွေရွေလည်း နေတက်တယ်။ အမျိုးသား လေကြောင်းလိုင်းမှာ လုပ်တာလည်း ကြာပြီ ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှ ပြဿနာဖြစ်တဲ့သူလည်းမဟုတ်ဘူး အဲ့ဒါကို ဘာကြောင့် လုပ်ကြံခံရတာလည်းတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောသည်။
ထိုသို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ပြီးနောက် ၎င်း၏ နေ့အိမ်ရှေ့၌ ပေါက်ကွဲမှု မရှိသေးသည့် လက်လုပ်မိုင်း တစ်လုံး တွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့များက ရှင်းလင်းခဲ့သည်။
#PeopleMedia #MNA #ဝန်ထမ်း
(unicode)
……………………………………………………………