ျမန္မာေ႐ႊ႕ေျပာင္းသူမ်ားအတြက္ ထိုင္းအစိုးရက သက္ေမြးလုပ္ငန္းအရည္အခ်င္းႁမွင့္တင္ေရးအစီအစဥ္မိတ္ဆက္

PUBLISHED - December 18, 2020
ဘန္ေကာက္၊ ဒီဇင္ဘာ ၁၈
ျမန္မာ-ထိုင္းနယ္စပ္ဒုကၡသည္စခန္းမ်ားတြင္ေနထိုင္ၾကသည့္ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားအသက္႐ွင္ေနထိုင္ရာတြင္ကူညီရန္ ေလ့က်င့္သင္ၾကားေပးမည့္အစီအစဥ္တခုကို ထိုင္းသက္ေမြးပညာသင္ၾကားေရးေကာ္မ႐ွင္႐ံုး(Ovec)က မိတ္ဆက္ခဲ့သည္။
ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားတြင္ တန္ဖိုး႐ွိသည္႔ကၽြမ္းက်င္မႈမ်ား႐ွိပါက ထိုင္း႐ွိဒုကၡသည္စခန္းမ်ားတြင္ေနထိုင္သည္ျဖစ္ေစ၊ ျမန္မာႏိုင္ငံသို႔ျပန္သည္ျဖစ္ေစ ႐ွင္သန္ႏိုင္မည္ျဖစ္ေၾကာင္း Ovec အေထြေထြအတြင္းေရးမွဴး ဆူသက္ ကန္ဆန္သီယာကေျပာသည္။
ေလ့က်င့္ေရးအစီအစဥ္မ်ားကို OVEC ႏွင့္ထိုင္းပညာေရး၀န္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္သည္။
၂၀၁၉-၂၀၂၀ စည္း႐ံုးလႈံ႕ေဆာ္မႈတြင္ ကြန္ျပဴတာ၊ စက္ခ်ဳပ္ႏွင့္ အလွကုန္လုပ္ငန္းကၽြမ္းက်င္တတ္ေျမာက္သူ ၁၇၂၈ ေယာက္ေမြးထုတ္ႏိုင္ခဲ့သည္ဟု OVEC ဒုတိယအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အက္သာပို ဆန္ကာဝါဆရီကေျပာသည္။
လာမည့္ႏွစ္မ်ားအတြင္း ကၽြမ္းက်င္မႈပိုျမင့္တက္လာေစရန္ အစီအစဥ္က ကူညီမည္ျဖစ္ေၾကာင္း၊ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား၏စြမ္းရည္ျမင့္တက္လာမည္ျဖစ္ေၾကာင္းလည္းေျပာသည္။
ထိုအစီအစဥ္ေၾကာင့္ ျမန္မာႏိုင္ငံႏွင့္ဆက္ဆံေရးျမင့္တက္လာမည္ဟုလည္း အဆင့္ႁမွင့္တိုးတက္ေစရးႏွင့္ကယ္ဆယ္ေရး ေအဂ်င္စီ(ထိုင္း)၏ ၫႊန္ၾကားေရးမွဴးက မွတ္ခ်က္ျပဳသည္။
Ref : Ovec launches skills drive for Myanmar refugees
#PeopleMedia
(unicode)
မြန်မာရွှေ့ပြောင်းသူများအတွက် ထိုင်းအစိုးရက သက်မွေးလုပ်ငန်းအရည်အချင်းမြှင့်တင်ရေးအစီအစဉ်မိတ်ဆက်
……………………………………………………………………
ဘန်ကောက်၊ ဒီဇင်ဘာ ၁၈
မြန်မာ-ထိုင်းနယ်စပ်ဒုက္ခသည်စခန်းများတွင်နေထိုင်ကြသည့် ရွှေ့ပြောင်းဒုက္ခသည်များအသက်ရှင်နေထိုင်ရာတွင်ကူညီရန် လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်တခုကို ထိုင်းသက်မွေးပညာသင်ကြားရေးကော်မရှင်ရုံး(Ovec)က မိတ်ဆက်ခဲ့သည်။
ရွှေ့ပြောင်းဒုက္ခသည်များတွင် တန်ဖိုးရှိသည့်ကျွမ်းကျင်မှုများရှိပါက ထိုင်းရှိဒုက္ခသည်စခန်းများတွင်နေထိုင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ပြန်သည်ဖြစ်စေ ရှင်သန်နိုင်မည်ဖြစ်ကြောင်း Ovec အထွေထွေအတွင်းရေးမှူး ဆူသက် ကန်ဆန်သီယာကပြောသည်။
လေ့ကျင့်ရေးအစီအစဉ်များကို OVEC နှင့်ထိုင်းပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ စည်းရုံးလှုံ့ဆော်မှုတွင် ကွန်ပြူတာ၊ စက်ချုပ်နှင့် အလှကုန်လုပ်ငန်းကျွမ်းကျင်တတ်မြောက်သူ ၁၇၂၈ ယောက်မွေးထုတ်နိုင်ခဲ့သည်ဟု OVEC ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် အက်သာပို ဆန်ကာဝါဆရီကပြောသည်။
လာမည့်နှစ်များအတွင်း ကျွမ်းကျင်မှုပိုမြင့်တက်လာစေရန် အစီအစဉ်က ကူညီမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းဒုက္ခသည်များ၏စွမ်းရည်မြင့်တက်လာမည်ဖြစ်ကြောင်းလည်းပြောသည်။
ထိုအစီအစဉ်ကြောင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးမြင့်တက်လာမည်ဟုလည်း အဆင့်မြှင့်တိုးတက်စေရးနှင့်ကယ်ဆယ်ရေး အေဂျင်စီ(ထိုင်း)၏ ညွှန်ကြားရေးမှူးက မှတ်ချက်ပြုသည်။
Ref : Ovec launches skills drive for Myanmar refugees
#PeopleMedia