• Follow Us on
Latest News

Home ျမန္မာ့တပ္မေတာ္ပါ၀င္သည့္႐ု႐ွားႏိုင္ငံမွ Kavkaz-2020 မဟာဗ်ဴဟာေျမာက္စစ္ေရးေလ့က်င့္မႈစတင္ေန

ျမန္မာ့တပ္မေတာ္ပါ၀င္သည့္႐ု႐ွားႏိုင္ငံမွ Kavkaz-2020 မဟာဗ်ဴဟာေျမာက္စစ္ေရးေလ့က်င့္မႈစတင္ေန

Share this post

ေမာ္စကို၊ စက္တင္ဘာ ၂၂

တနလၤာေန႔တြင္ ႐ု႐ွားႏိုင္ငံက Kavkaz-2020 မဟာဗ်ဴဟာေျမာက္စစ္ေရးေလ့က်င့္မႈစတင္ခဲ့သည္ဟု ႐ု႐ွားကာကြယ္ေရး၀န္ႀကီးဌာနကအတည္ျပဳသည္။

႐ု႐ွားႏုိင္ငံအပါအ၀င္ ႏုိင္ငံ ၆ ႏုိင္ငံမွတပ္မေတာ္မ်ား၏စစ္မႈထမ္းမ်ားပါ၀င္ေနၾကသည္ဟုလည္းေျပာသည္။

အိမ္႐ွင္႐ု႐ွားအပါအ၀င္ ျမန္မာ၊ တ႐ုတ္၊ ပါကစၥတန္၊ အာေမးနီးယားႏွင့္ ဘီလာရုဇ္ႏိုင္ငံတို႔ပါ၀င္စစ္ေရးေလ့ က်င့္မႈျပဳလုပ္ေနၿပီး အဇာဘိုင္ဂ်န္၊ အင္ဒိုနီး႐ွား၊ အီရန္၊ တာဂ်စ္ကစၥတန္၊ ကာဇက္စတန္ႏွင့္ သီရိလကၤာႏုိင္ငံတို႔က ေလ့လာသူအေနျဖင့္ပါ၀င္သည္။

႐ု႐ွားႏုိင္ငံေတာင္ပိုင္း႐ွိ စစ္ဘက္နယ္ေျမမ်ားမွေလ့က်င့္ေရးကြင္းအမ်ားအျပားတြင္ မဟာဗ်ဴဟာ ေျမာက္ေလ့က်င့္မႈမ်ားျပဳလုပ္သြားမည္ဟု ႐ု႐ွားကာကြယ္ေရး၀န္ႀကီးဌာနကအတည္ျပဳသည္။

အဓိကစစ္ေရးေလ့က်င့္မႈမ်ားကို ေကာ့ေကးဆပ္ေဒသေျမာက္ပိုင္း၊ ပင္လယ္နက္ႏွင့္ ကတ္စပီယန္ ပင္လယ္တို႔တြင္ ျပဳလုပ္သြားမည္။

ယခုစစ္ေရးေလ့က်င့္မႈမ်ားတြင္ တင့္ကားအစီး ၂၅၀၊ ေျခလ်င္တိုက္ခိုက္ေရးယာဥ္ႏွင့္ သံခ်ပ္ကာလူတင္ကား အစီး ၄၅၀ ႏွင့္ အေျမာက္စနစ္ႏွင့္ ဒံုးပ်ံအေျမာက္အျမားပစ္စနစ္ ၂၀၀ ပါ၀င္မည္ျဖစ္သည္။

Ref : Russia launches Kavkaz-2020 drills

#PeopleMedia

(Unicode)
မြန်မာ့တပ်မတော်ပါဝင်သည့်ရုရှားနိုင်ငံမှ Kavkaz-2020 မဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုစတင်နေ
…………………………………………

မော်စကို၊ စက်တင်ဘာ ၂၂

တနင်္လာနေ့တွင် ရုရှားနိုင်ငံက Kavkaz-2020 မဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုစတင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုသည်။

ရုရှားနိုင်ငံအပါအဝင် နိုင်ငံ ၆ နိုင်ငံမှတပ်မတော်များ၏စစ်မှုထမ်းများပါဝင်နေကြသည်ဟုလည်းပြောသည်။

အိမ်ရှင်ရုရှားအပါအဝင် မြန်မာ၊ တရုတ်၊ ပါကစ္စတန်၊ အာမေးနီးယားနှင့် ဘီလာရုဇ်နိုင်ငံတို့ပါဝင်စစ်ရေးလေ့ ကျင့်မှုပြုလုပ်နေပြီး အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ အီရန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်နှင့် သီရိလင်္ကာနိုင်ငံတို့က လေ့လာသူအနေဖြင့်ပါဝင်သည်။

ရုရှားနိုင်ငံတောင်ပိုင်းရှိ စစ်ဘက်နယ်မြေများမှလေ့ကျင့်ရေးကွင်းအများအပြားတွင် မဟာဗျူဟာ မြောက်လေ့ကျင့်မှုများပြုလုပ်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုသည်။

အဓိကစစ်ရေးလေ့ကျင့်မှုများကို ကော့ကေးဆပ်ဒေသမြောက်ပိုင်း၊ ပင်လယ်နက်နှင့် ကတ်စပီယန် ပင်လယ်တို့တွင် ပြုလုပ်သွားမည်။

ယခုစစ်ရေးလေ့ကျင့်မှုများတွင် တင့်ကားအစီး ၂၅၀၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်နှင့် သံချပ်ကာလူတင်ကား အစီး ၄၅၀ နှင့် အမြောက်စနစ်နှင့် ဒုံးပျံအမြောက်အမြားပစ်စနစ် ၂၀၀ ပါဝင်မည်ဖြစ်သည်။

Ref : Russia launches Kavkaz-2020 drills

#PeopleMedia


Share this post