မြန်မာနိုင်ငံကူးလက်မှတ်များ ဖေဖော်ဝါရီ (၂၄) ရက်မှစ၍ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင် လျှောက် ထားနိုင်
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံကူးလက်မှတ်များ ဖေဖော်ဝါရီ (၂၄) ရက်မှစ၍ www.passport.gov.mm Website မှ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပြန်ထားသည်။
Online Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia