• Follow Us on
Latest News

Home မြန်မာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုးဖို့ အိန္ဒိယအစိုးရအဖွဲ့ ခွင့်ပြု


Share this post


သစ်မှောင်ခိုကူးတာတိုက်ဖျက်ဖို့၊ ကျားနဲ့ တခြားတောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းဖို့နဲ့ လောင်စာဆီထုတ်ကုန်နဲ့ ဆက်သွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုးဖို့ အိန္ဒိယ ပြည်ထောင်စုအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်ကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး မလှုပ်သာမလှည့်သာဖြစ်နေလို့ နားလည်မှုစာချွန်လွှာဟာ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဖြေရှင်းပေးမယ်လို့ အိန္ဒိယသတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာဝန်ကြီး ပရာကတ်ရှ် ဂျာဗဒီကာကသတင်းထောက် တွေကို ပြောပါတယ်။





(Unicode)
မြန်မာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုးဖို့ အိန္ဒိယအစိုးရအဖွဲ့ ခွင့်ပြု
……………………………………………………

ဖေဖော်ဝါရီ ၂၇၊ နယူးဒေလီ

သစ်မှောင်ခိုကူးတာတိုက်ဖျက်ဖို့၊ ကျားနဲ့ တခြားတောရိုင်းတိရစာ္ဆန်တွေ ထိန်းသိမ်းဖို့နဲ့ လောင်စာဆီထုတ်ကုန်နဲ့ ဆက်သွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုးဖို့ အိန္ဒိယ ပြည်ထောင်စုအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်ကြောင့် တောရိုင်းတိရစာ္ဆန်ကာကွယ်ရေး မလှုပ်သာမလှည့်သာဖြစ်နေလို့ နားလည်မှုစာချွန်လွှာဟာ တောရိုင်းတိရစာ္ဆန်ကာကွယ်ရေးဖြေရှင်းပေးမယ်လို့ အိန္ဒိယသတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာဝန်ကြီး ပရာကတ်ရှ် ဂျာဗဒီကာကသတင်းထောက် တွေကို ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာအရာရှိတွေကို လေ့ကျင့်သင့်တန်းပေးသွားမယ်လို့လည်းပြောပါတယ်။ လောင်စာဆီ ထုတ်ကုန်ဆိုင်ရာနားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံပူးပေါင်းလုပ်ငန်းအဖွဲ့ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ်လို့ လည်းပြောပါတယ်။

သမ္မတဦးဝင်းမြင့် အိန္ဒိယနိုင်ငံကိုရောက်ရှိနေပြီး ဒီနေ့မှာ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာ မိုဒီနဲ့တွေ့ဆုံဖို့ ရှိနေပါ တယ်။ ခေါင်းဆောင် ၂ ယောက်ရဲ့တွေ့ဆုံမှုအပြီးမှာ နားလည်မှုစာချွန်လွှာတွေရေးထိုးမယ်လို့ ခန့်မှန်းရပါ တယ်။

Source – Cabinet approves three MoUs with Myanmar

#PeopleMedia #Myanmar #India #MoU


Share this post