မြန်မာနိုင်ငံမှ စစ်အာဏာလွှဲပြောင်းယူမှုကို အာဏာသိမ်းမှုမြောက်၊ မမြောက်သတ်မှတ်ရန် ဘိုင်ဒန်အစိုးရအဖွဲ့ အတွင်း ဆွေးနွေးငြင်းခုံမှုရှိနေ

PUBLISHED - February 3, 2021
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံတွင် စစ်အာဏာလွှဲပြောင်းမှုကို အာဏာသိမ်းမှုမြောက်၊ မမြောက်သတ်မှတ်ရန် အမေရိကန်သမ္မတ သစ် ဂျိုး ဘိုင်ဒန်၏အစိုးရအဖွဲ့အတွင်း ဆွေးနွေးငြင်းခုံမှုများရှိနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနအရာရှိတယောက်နှင့် အစိုးရအရာရှိတယောက်ကပြောသည်။
အာဏာသိမ်းမှုမြောက်သည်ဟုဆုံးဖြတ်ပါက မြန်မာအစိုးရကို အမေရိကန်အထောက်အပံ့များအတွက် အကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ဖြစ်ရပ်သည် အမေရိကန်အစိုးရသစ်က နိုင်ငံခြားရေးမူဝါဒစိန်ခေါ်မှုအကြီးစားတခုအနေနှင့် ပထမဆုံးရင်ဆိုင်နေရသည့် ဆုံးဖြတ်ချက်ဖြစ်လာမည်ဖြစ်သည်။
တပ်မတော်၏အာဏာချုပ်ကိုင်မှုကိုတုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်စီစဉ်နေသည်ဟု အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကထုတ်ပြန်ထားသည်။
ဘိုင်ဒန်၏ထုတ်ပြန်ချက်သည် အစောပိုင်းတွင် အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ဂျန် ဆာကီနှင့် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်တို့က ရှုတ်ချမှုအပြီးတွင်ထွက်ပေါ်လာခြင်းဖြစ်ပြီး မစ္စ ဆာကီနှင့် မစ္စတာ ဘလင်ကန်တို့ ၂ ယောက်စလုံးက အာဏာသိမ်းမှုဟုမသုံးနှုန်းခဲ့ချေ။
မကြာသေးခင် မြန်မာနိုင်ငံမှဖြစ်ရပ်များသည် အာဏာသိမ်းခြင်းဖြစ်ကြောင်းသိသာထင်ရှားသေည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သောတရားဥပဒေနှင့် အချက်အလက်များခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတယောက်က စီအန်အန်ကိုပြောသည်။
ကောက်ချက်မချခင် ရလဒ်ကိုစောင့်ဆိုင်းနေကြောင်းလည်း ထိုအရာရှိကပြောသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ပါက တရုတ်လွှမ်းမိုးမှုအောက်သို့ ပိုမိုရောက်ရှိရန် တံခါးဖွင့်ပေးရာကျမည်ဟု မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာ(CSIS)တွင် တရုတ်အာ ဏာစီမံကိန်းညွှန်ကြားရေးမှူးနှင့် အာရှရေးရာအကြီးတန်းအကြံပေး ဘိုနီ ဂလေဆာက စီအန်အန်ကိုပြောသည်။
Ref : Biden administration debating whether to call military takeover in Myanmar a ‘coup’
#PeopleMedia
(unicode)
………………………………………………..
Ref : Biden administration debating whether to call military takeover in Myanmar a ‘coup’
#PeopleMedia