မြန်မာနိုင်ငံသား ၆ ဦးလိုက်ပါလာတဲ့လှေပေါ်က မူးယစ်ဆေးဝါး ၁ တန် အိန္ဒိယကမ်း ခြေစာင့်တပ်ဖွဲ့ဖမ်းဆီးရမိ

PUBLISHED - September 23, 2019
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ အိန္ဒိယသမုဒ္ဒရာတွင်း နီကိုဘာကျွန်းတွေအနီးမှာ မြန်မာနိုင်ငံသား ၆ ဦးကို အမေရိကန်ဒေါ်လာ ၄၂ သန်းတန်ဖိုးရှိတဲ့ ketamine မူးယစ် ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်တစ်စီးဟာ မီးအမှောင်ချထားတဲ့ အဲဒီလှေကို စက် တင်ဘာ ၁၈ ရက်နေ့က အိန္ဒိယအထူးစီးပွားရေးဇုန်အတွင်း တွေ့ရှိခဲ့ပြီး ရေဒီယိုနဲ့ အဆက်အ သွယ်ပြုလုပ်ခဲ့ရာမှာ တုံ့ပြန်မှုမရှိတဲ့အတွက် လှေပေါ်တက်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
လှေပေါ်မှာ ၁၁၆၀ ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးတွေရှိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးမိသူတွေကို စစ်ဆေးချက်အရ မြန်မာနိုင်ငံသားခြောက်ဦးလိုက်ပါလာတဲ့ လှေဟာ မြန်မာနိုင်ငံက စက်တင်ဘာ ၁၄ ရက်နေ့ မှာ ထွက်ခွာလာခဲ့ပြီး ထိုင်း-မလေးရှားနယ် ရေပြင် နယ်စပ်စည်းမျဉ်းမှာ အခြားလှေတစ်စီးကိုလွှဲပြောင်းပေးဖို့ စက်တင်ဘာ ၂၁ ရက်ေ်န့မှာ ချိန်း ဆိုထားတယ်လို့ သိရပါတယ်။
Ref;AFP