ျမန္မာႏိုင္ငံ၌ က်င္းပမည့္ လာမည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီမ်ားပါ၀င္ခြင့္ျပဳရန္ ကုလ သမဂၢတိုက္တြန္း

PUBLISHED - September 12, 2020
ဂ်ီနီဗာ၊ စက္တင္ဘာ ၁၂
လာမည့္ေ႐ြးေကာက္ပြဲတြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာ)မ်ားကို ပါ၀င္ခြင့္ျပဳရန္ ကုလသမဂၢလံုျခံဳေရး ေကာင္စီအဖြဲ႔၀င္ႏိုင္ငံ ၈ ႏိုင္ငံက ေသာၾကာေန႔တြင္ တိုက္တြန္းခဲ့သည္။
တံခါးပိတ္႐ုပ္သံညီလာခံအၿပီးတြင္ထုတ္ခဲ့သည့္ထုတ္ျပန္ခ်က္ကို ဘယ္လ္ဂ်ီယံ၊ ဒိုမီနီကန္သမၼတႏိုင္ငံ၊ အက္စတိုးနီးယား၊ ျပင္သစ္၊ ဂ်ာမနီ၊ တူနီး႐ွား၊ ၿဗိတိန္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔က လက္မွတ္ေရးထိုးထားသည္။
“ျမန္မာအစိုးရရဲ႕ဒီမိုကေရစီေဖာ္ေဆာင္ေရးအားထုတ္မႈေတြကို အသိအမွတ္ျပဳပါတယ္” ဟုထုတ္ျပန္ခ်က္တြင္ ပါ၀င္သည္။
ဘဂၤါလီမ်ားအပါအ၀င္ အသိုက္အ၀န္းမ်ားအားလံုး ေဘးကင္းလံုျခံဳစြာ၊ ျပည့္ျပည့္၀၀ႏွင့္ ညီမွ်စြာယံုၾကည္ရၿပီး အားလံုးပါ၀င္ႏိုင္သည့္ေ႐ြးေကာက္ပြဲမ်ားတြင္ပါ၀င္ႏိုင္ေစရန္ ကတိျပဳထားသည္ဟု လက္မွတ္ေရးထိုး သည့္ႏိုင္ငံမ်ားက မီးေမာင္းထိုးျပသည္။
ရခိုင္ႏွင့္ခ်င္းျပည္နယ္တို႔တြင္ ထိေတြ႕မႈမ်ားဆက္လက္ျဖစ္ပြားေနသည္ကို စိုးရိမ္ေၾကာင္းေဖာ္ျပခဲ့ၿပီး စစ္ျပဳျခင္းမ်ားခ်က္ခ်င္းရပ္ရန္တိုက္တြန္းသည္။
ရခိုင္ျပည္နယ္မွပဋိပကၡမ်ား၏ကာလ႐ွည္အေၾကာင္းရင္းမ်ားကိုေဖာ္ျပရန္ႏွင့္ ဒုကၡသည္မ်ားေဘးကင္းလံုျခံဳၿပီး စိတ္ဆႏၵပါ၀င္သည့္ ေရ႐ွည္ဂုဏ္သိကၡာ႐ွိေသာေနရပ္ျပန္မႈမ်ားျဖစ္ေစမည့္ အေျခအေနမ်ားဖန္တီးရန္ အားထုတ္မႈမ်ားျမင့္တင္ရန္လည္း ၈ ႏိုင္ငံက ျမန္မာႏိုင္ငံကိုတိုက္တြန္းခဲ့သည္။
Ref : UN calls for Rohingya to take part in Myanmar election
(unicode)
မြန်မာနိုင်ငံ၌ ကျင်းပမည့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘင်္ဂါလီများပါဝင်ခွင့်ပြုရန် ကုလ သမဂ္ဂတိုက်တွန်း
…………………………………………………
ဂျီနီဗာ၊ စက်တင်ဘာ ၁၂
လာမည့်ရွေးကောက်ပွဲတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ)များကို ပါဝင်ခွင့်ပြုရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံက သောကြာနေ့တွင် တိုက်တွန်းခဲ့သည်။
တံခါးပိတ်ရုပ်သံညီလာခံအပြီးတွင်ထုတ်ခဲ့သည့်ထုတ်ပြန်ချက်ကို ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က လက်မှတ်ရေးထိုးထားသည်။
“မြန်မာအစိုးရရဲ့ဒီမိုကရေစီဖော်ဆောင်ရေးအားထုတ်မှုတွေကို အသိအမှတ်ပြုပါတယ်” ဟုထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဘင်္ဂါလီများအပါအဝင် အသိုက်အဝန်းများအားလုံး ဘေးကင်းလုံခြုံစွာ၊ ပြည့်ပြည့်၀၀နှင့် ညီမျှစွာယုံကြည်ရပြီး အားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲများတွင်ပါဝင်နိုင်စေရန် ကတိပြုထားသည်ဟု လက်မှတ်ရေးထိုး သည့်နိုင်ငံများက မီးမောင်းထိုးပြသည်။
ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ထိတွေ့မှုများဆက်လက်ဖြစ်ပွားနေသည်ကို စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး စစ်ပြုခြင်းများချက်ချင်းရပ်ရန်တိုက်တွန်းသည်။
ရခိုင်ပြည်နယ်မှပဋိပက္ခများ၏ကာလရှည်အကြောင်းရင်းများကိုဖော်ပြရန်နှင့် ဒုက္ခသည်များဘေးကင်းလုံခြုံပြီး စိတ်ဆန္ဒပါဝင်သည့် ရေရှည်ဂုဏ်သိက္ခာရှိသောနေရပ်ပြန်မှုများဖြစ်စေမည့် အခြေအနေများဖန်တီးရန် အားထုတ်မှုများမြင့်တင်ရန်လည်း ၈ နိုင်ငံက မြန်မာနိုင်ငံကိုတိုက်တွန်းခဲ့သည်။
Ref : UN calls for Rohingya to take part in Myanmar election