မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဆေးယဉ်ပါး ငှက်ဖျားရောဂါအတွက် NASA က နည်းလမ်းသစ်ရှာဖွေနေ
PUBLISHED - September 10, 2019
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆေးယဉ်ပါး ပြင်းထန်ငှက်ဖျားရောဂါ တားဆီးကာကွယ်ရေး အတွက် အာကာသနည်းပညာသစ်ကို NASA ကရှာဖွေလျက်ရှိနေပါတယ်။
အရှေ့တောင်အာရှမှာ ဖြစ်ပွားနေတဲ့ ဆေးယဉ်ပါးငှက်ဖျားရောဂါပိုးအသစ်ဟာ အသက်အန္တရာယ်ဖြစ်ပွားစေနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွ က် ခြိမ်းခြောက်မှုရှိလာခဲ့ပြီး ၂၀၅၀ ခုနှစ်မတိုင်ခင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ရည်မှန်းချက်အတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် နဲ့ ၂၀၁၇အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုဟာ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေထက် ရောဂါဖြစ်ပွားမှုပိုမိုမြင့် မားနေဆဲဖြစ်တယ်လို့ လည်းသိရပါတယ်။
ဒါကြောင့် တစ်ဖက်မှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ငှက်ဖျားရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ အာဖရိကကို အရှေ့တောင်အာရှမှာဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ဆေးယဉ်ပါး ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့သွားမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။
ဒါကြောင့် NASA အနေနဲ့ အာကာသနည်းပညာကို အသုံးပြုပြီး ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ NASA ကသိပ္ပံပညာရှင် တာတီရာနာ လိုဘိုဒါက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ref; AFP