PUBLISHED - November 19, 2019
(Unicode)
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို လာမယ့်လတွင် ကုလတရားရုံး ကြားနာစစ်ဆေးမည်
………………………………………………………………
ဂမ်ဘီယာက အမှုဖွင့်တိုင်ကြားထားတဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီမူဆလင်များ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ပတ်သတ်ပြီး လာမယ့်ဒီဇင်ဘာလမှာ ကြားနာစစ်ဆေးသွားမယ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICJ က ထုတ်ပြန် ထားပါတယ်။
ICJ ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခုအမှုကို ဒီဇင်ဘာ ၁၀ က ၁၂ ရက်နေ့အထိ ကြားနာစစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်အဖွဲ့အစည်းနိုင်ငံ ၅၇ နိုင်ငံကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံကို အမှုဖွင့်တိုင်ကြားခဲ့တာလို့ ပြောပါတယ်။
အခုအမှုမှာ ICJ အနေနဲ့ ဘင်္ဂါဒုက္ခသည်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် အရေးပေါ်ဆောင်ရွက်ရမယ့် အခြေအနေအဖြစ် ကြေညာပေးဖို့ ဂမ်ဘီယာရှေ့နေတွေကို အလိုရှိနေကြပါတယ်။
အခုအမှုဟာ ဘင်ဂါလီဒုက္ခသည်ပြသာနာအတွက် မြန်မာနိုင်ငံဟာ ပထမဦးဆုံးအကြိမ် နိုင်ငံတကာရဲ့ တရား စီရင်မှုနဲ့ ရင်ဆိုင်ရတာလည်းဖြစ်ပါတယ်။
၁၉၄၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ICJ ဟာ ဒုတိယကမ္ဘာစစ်နောင်ပိုင်း ကုလအဖွဲ့နိုင်ငံတွေရဲ့အငြင်းပွားမှုတွေ ကို ဖြေရှင်းပေးလျက်ရှိပါတယ်။
Ref; https://www.dailymail.co.uk/
#PeopleMedia #International