
PUBLISHED - January 2, 2020
နိုင်ငံတကာ၊ ဇန်န၀ါရီ – ၂
Ref; www.the-star.co.ke
(Unicode)
မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှုကို တခြားနိုင်ငံများသင်ခန်းစာ ယူသင့် ဟု ကင်ညာဆောင်းပါးရှင် သုံးသပ်
………………………………………………………
နိုင်ငံတကာ၊ ဇန်နဝါရီ – ၂
လေထုညစ်ညမ်းမှုအခြေအနေဟာ မြန်မာနိုင်ငံလို မဖြစ်စေဖို့ ကင်ညာဆောင်းပါးရှင်တစ်ဦးက Air pollution: Let’s not be like Myanmar ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီး www.the-star.co.ke ဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ဆောင်းပါးရှင် Caroline Kibii က မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ အထူးဂရုပြုဖို့ လိုအပ်နေပြီး တခြားနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို သင်ခန်းစာယူသင့်တယ်လို့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ဖို့ ရှောင်ရှားတဲ့အဓိကအချက်တွေထဲမှာ လေထုညစ်ညမ်းမှု လည်း ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ၄င်းက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ တခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ ပိုမြင့်တက်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့တဲ့အချက်ကိုလည်း Caroline Kibii ကထောက်ပြခဲ့ပါတယ်။
ကင်ညာနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံလို မဖြစ်စေဖို့ ဂရုပြုသင့်တယ်လို့ Caroline Kibii က သတိပေးဖော်ပြခဲ့ ပါတယ်။
Ref; www.the-star.co.ke
#PeopleMedia #International