မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်မည့် မြန်မာလုပ်သား (၃၆၀) ကျော် ဖမ်းဆီး ခံရ

PUBLISHED - January 27, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)
ယနေ့ နံနက်ပိုင်းက မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားနေသည့် မြန်မာလုပ်သား ၃၆၅ ဦးကို ထိုင်းစစ်တပ်မှ ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာမှ ဖော်ပြထားသည်။
တရားမဝင် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် မြန်မာလုပ်သားထဲမှ ၁၃၅ ဦးကို ယနေ့ နံနက် ၁ နာရီအချိန်တွင် ပရာ ကျွတ်ခီရီခမ်မြို့နယ်၊ နောင်ခမ်ကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျန် ၂၃၀ ဦးကိုမူ နံနက် ၆ နာရီအချိန်တွင် ဆိုင်ယို့မြို့နယ်၊ သရက်ပင်ကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀၀ ထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
တရားမဝင် သွားရောက်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့သည့် မြန်မာလုပ်သားများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လာရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံခဲ့ရသည့် မြန်မာလုပ်သားများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – Army PR Center
#PeopleMedia #မြန်မာနိုင်ငံသားများ
(unicode)
…………………………………………………………….
Photo – Army PR Center