• Follow Us on
Latest News

Home ျမန္မာ-ဘဂၤလားေဒ့႐ွ္ရထားလမ္းစီမံကိန္း ေႏွာင့္ေႏွးေန

ျမန္မာ-ဘဂၤလားေဒ့႐ွ္ရထားလမ္းစီမံကိန္း ေႏွာင့္ေႏွးေန

Share this post

ဒါကာ၊ ၾသဂုတ္ ၈

ဓာတ္တိုင္မ်ားျပန္လည္ေနရာခ်ျခင္း၊ ေျမယာ၀ယ္ယူျခင္းႏွင့္ COVID-19 အေျခအေနမ်ားေၾကာင့္ ျမန္မာ-ဘဂၤလားေဒ့႐ွ္ရထားလမ္းစီမံကိန္းတြင္ ေနာက္ျပန္ဆုတ္ေနရမႈမ်ားၾကံဳေနရသည္။

၂၀၂၂ ခုႏွစ္၊ ဇြန္တြင္ၿပီးဆံုးမည္ဟုစီစဥ္ထားေသာစီမံကိန္းတြင္ အၿပီးသတ္ႏိုင္မႈမ်ားေႏွာင့္ေႏွးေနသျဖင့္ စီမံကိန္းကုန္က်ေငြသိသိသာသာျမင့္တက္လာႏိုင္သည္။

COVID-19 အေျခအေနၾကာေညာင္းေနပါက အျမန္လမ္းအေကာင္အထည္ေဖာ္မႈစီမံကိန္းမ်ားပိုမို ေႏွာင့္ေႏွးႏိုင္ေၾကာင္း စီမံကိန္းအေကာင္အထည္ေဖာ္ေရးအာဏာပိုင္မ်ားက စိုးရိမ္ေနၾကသည္။

ဇူလိုင္ ၂၂ ရက္က ဘဂၤလားေဒ့႐ွ္ရထားလမ္း၀န္ႀကီးဌာနအတြင္း၀န္ဆီလင္ ရီဇာႏွင့္ အြန္လိုင္းမွေတြ႕ဆံုေ ဆြးေႏြးရာတြင္ အဆိုပါကိစၥမ်ားကို ေဆြးေႏြးခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္ ဇူလိုင္တြင္စတင္ခဲ့သည့္ ေကာ့က္စ္ဘဇားခ႐ိုင္ ဒိုဟာဇာရီရာမူးမွ ရာမူ-ဂန္ဒမ္စီမံကိန္း ခရီးစဥ္တစ္ေခါက္စာအသြားအျပန္ရထားလမ္းတည္ေဆာက္ေရးအစီအစဥ္သည္ အာ႐ွျဖတ္ေက်ာ္ရထား လမ္းေကာ္ရစ္ဒါကိုဆက္သြယ္ရန္ႏွင့္ ေကာ့က္စ္ဘဇားခ႐ိုင္ကို ရထားလမ္းကြန္ရက္အတြင္းထည့္သြင္းရန္ ရည္႐ြယ္သည္။

အာ႐ွဖြံ႔ၿဖိဳးေရးဘဏ္ႏွင့္ ဘဂၤလားေဒ့႐ွ္အစိုးရတို႔က ဘဂၤလားေဒ့႐ွ္တာကာေငြသန္း ၁၈၀၃၄၀ ကုန္က်မည္ဟုခန္႔မွန္းထားသည့္စီမံကိန္းကို ပူးတြဲရန္ပံုေငြေပးေနသည္။

၂၆.၉၈ ရာခိုင္ႏႈန္းၿပီးစီးေနၿပီဟုသိရသည္။

Ref : BD-Myanmar railway project goes slow

#PeopleMedia

(unicode)
မြန်မာ-ဘင်္ဂလားဒေ့ရှ်ရထားလမ်းစီမံကိန်း နှောင့်နှေးနေ
……………………………………………………

ဒါကာ၊ ဩဂုတ် ၈

ဓာတ်တိုင်များပြန်လည်နေရာချခြင်း၊ မြေယာဝယ်ယူခြင်းနှင့် COVID-19 အခြေအနေများကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်ရထားလမ်းစီမံကိန်းတွင် နောက်ပြန်ဆုတ်နေရမှုများကြုံနေရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်တွင်ပြီးဆုံးမည်ဟုစီစဉ်ထားသောစီမံကိန်းတွင် အပြီးသတ်နိုင်မှုများနှောင့်နှေးနေသဖြင့် စီမံကိန်းကုန်ကျငွေသိသိသာသာမြင့်တက်လာနိုင်သည်။

COVID-19 အခြေအနေကြာညောင်းနေပါက အမြန်လမ်းအကောင်အထည်ဖော်မှုစီမံကိန်းများပိုမို နှောင့်နှေးနိုင်ကြောင်း စီမံကိန်းအကောင်အထည်ဖော်ရေးအာဏာပိုင်များက စိုးရိမ်နေကြသည်။

ဇူလိုင် ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်ရထားလမ်းဝန်ကြီးဌာနအတွင်းဝန်ဆီလင် ရီဇာနှင့် အွန်လိုင်းမှတွေ့ဆုံ ေဆွးနွေးရာတွင် အဆိုပါကိစ္စများကို ဆွေးနွေးခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်တွင်စတင်ခဲ့သည့် ကော့က်စ်ဘဇားခရိုင် ဒိုဟာဇာရီရာမူးမှ ရာမူ-ဂန်ဒမ်စီမံကိန်း ခရီးစဉ်တစ်ခေါက်စာအသွားအပြန်ရထားလမ်းတည်ဆောက်ရေးအစီအစဉ်သည် အာရှဖြတ်ကျော်ရထား လမ်းကော်ရစ်ဒါကိုဆက်သွယ်ရန်နှင့် ကော့က်စ်ဘဇားခရိုင်ကို ရထားလမ်းကွန်ရက်အတွင်းထည့်သွင်းရန် ရည်ရွယ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့က ဘင်္ဂလားဒေ့ရှ်တာကာငွေသန်း ၁၈၀၃၄၀ ကုန်ကျမည်ဟုခန့်မှန်းထားသည့်စီမံကိန်းကို ပူးတွဲရန်ပုံငွေပေးနေသည်။

၂၆.၉၈ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရသည်။

Ref : BD-Myanmar railway project goes slow

#PeopleMedia


Share this post