မြန်မာ-အိန္ဒိယ နယ်စပ်၊ အိန္ဒိယနယ်မြေ၌ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းအများအပြားကို အိန္ဒိယ နယ်ခြားစောင့်ရဲက ရှာဖွေဖမ်းဆီးနိုင်ခဲ့
PUBLISHED - January 3, 2022
မုံရွာ၊ ဇန်နဝါရီ ၃ (People Media)
မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖြစ်သော အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်၊ မော်ဟရဲကျေးရွာအနီးရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်ခဲယမ်းအများအပြားကို အာသံရိုင်ဖယ်တပ်နဲ့ မီဇို ရမ်ရဲတပ်ဖွဲ့တို့က ဖော်ထုတ်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်နေ့၌ ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။
ဂိုဒေါင်အတွင်းမှ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများဖြစ်သော စနက်ကြိုးအရှည် ၈၁ ကီလိုဂရမ်၊ ယမ်း ၉၄ ကီလိုဂရမ်၊ ၇၀ မမ ကျည်တောင့်၊ ခဲအက်ဆစ်ဘက်ထရီအပြင် ဆက်သွယ်ရေးပစ္စည်းတွေကို ဒီဇင် ဘာ ၃၁ ရက်နေ့က အာသံရိုင်ဖယ်တပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ် ရဲဌာနကို လွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့အတူ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သိုလှောင်ထားသည့် နေရာ သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း၊ မတူမီမြို့နယ်နှင့် နယ်နိမိတ်ချင်း အလွန်နီးကပ်စွာရှိသည့်နေရာ တစ်ခု၌ဖြစ်ကြောင်း ဒေသမီဒီယာများက ဖော်ပြထားသည်။
Photo – Credit
သွန်းသွန်း
#PeopleMedia #အိန္ဒိယ #မြန်မာ
(unicode)
……………………………………………………………
Photo – Credit
#PeopleMedia #အိန်ဒိယ #မွနျမာ