မြန်မာ-မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်းအသစ်တွေ ပြန်လည်စတင်တော့မည်လော
PUBLISHED - March 24, 2022
ဘာတေးလင့်တနာ
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်က စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် အတိတ်ကလို အပစ်ပယ်ခံဘဝအခြေအနေ မျိုးကို ပြန်လည်ဆိုက်ရောက်သွားခဲ့ရုံသာမက အနာဂတ်ကာလ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ့် ရု ရှားနိုင်ငံကလည်း ယူကရိန်းစစ်ပွဲကြောင့် ဒုက္ခတွင်းထဲဆင်းနေရတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။
ဒါ့ကြောင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ သူတို့ယုံကြည်စိတ်ချရတဲ့ စစ်ဘက်ဆိုင်ရာမဟာမိတ်ဟောင်းဖြစ် တဲ့ မြောက်ကိုရီးယားနိုင်ငံဘက်ကို ခြေဦးပြန်လည့်တာဟာ အဆန်းတကြယ်အံ့သြစရာကိစ္စတော့မဟုတ်ပါဘူး။
မြန်မာ့တပ်မတော်ကို စောင့်ကြည့်လေ့လာနေပြီး အငြိမ်းစားတပ်မတော်အရာရှိတွေနဲ့ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိတချို့ကို အင်တာဗျူးတွေလုပ်ခဲ့ဖူးတဲ့ ရန်ကုန်မြို့အခြေစိုက် လွတ်လပ်တဲ့သုတေသနအဖွဲ့ တစ်ခုရဲ့ပြောကြားချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာ-မြောက်ကိုရီးယားဆက်ဆံ ရေးဟာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။
ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့အထီးကျန်နိုင်ငံ နှစ်နိုင်ငံရဲ့ အဓိကပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်က တော့ ဒုံးကျည်ထုတ်လုပ်ရေးနယ်ပယ်ဖြစ်ပုံရတယ်လို့ အလားတူဒေသတွင်းသုတေသနအုပ်စုတစ်ခုက ပြောပါ တယ်။
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံဆီကနေ ၂၀၀၈ ခုနှစ်မှာ ပဲ့ထိန်းဒုံးကျည်နည်းပညာတွေကို စတင်လက်ခံ ရရှိခဲ့ပြီး မြောက်ကိုရီးယားဒုံးကျည်ပညာရှင် ၂၀ ကျော်ဟာ ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံထဲမှာရှိနေခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီဒုံးကျည်ပညာရှင်တွေထဲက တချို့တလေ ပြန်သွားပြီလားဆိုတာ သေသေချာချာ မသိရပေမဲ့ ဒုံးကျည် နည်း ပညာတွေနဲ့ နည်းပညာဆိုင်ရာဗဟုသုတတွေ လွှဲပြောင်းပေးသွားတာကတော့ သေချာတယ်လို့ အထက်ပါ သ တင်းရင်းမြစ်တွေက ပြောပါတယ်။
မြန်မာအစိုးရဟာ မြောက်ကိုရီးယားအစိုးရနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီးတဲ့နောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ မြန် မာ့တပ်မတော်က ပညာရှင် ၃၁ ဦးကို နှစ်လကြာသင်တန်းတက်ရောက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံကိုစေ လွှတ်ခဲ့ပါတယ်။
မြန်မာစစ်ဘက်ရဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ၂၀၁၀ ပြည့်နှစ်အစောပိုင်းကာလတွေက မြန်မာနိုင်ငံကို သပိတ်မှောက်ပြီး စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေကို ပြောင်းလဲပစ်ဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တွန်းအားပေးလှုံ့ဆော်ခဲ့တဲ့ အရေးအကြီးဆုံးပြဿနာတွေ ထဲက ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ခဲ့ပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာ မှု ရှိကြောင်း အရိပ်လက္ခဏာတွေပြသခဲ့မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးကို ပြန်လည်ထိန်း သိမ်းနိုင်မှာဖြစ်ပါတယ်။
အဲဒီလို ပွင့်လင်းမြင်သာမှုအခွင့်အလမ်းတွေကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာဆောင်ရွက်လိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာအစွန့် ပယ်ခံဘဝကနေ အနောက်နိုင်ငံတွေရဲ့ အချစ်တော်ဘဝကို ပြန်လည်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ တိုင်းပြည်ဟာ အတိတ်ကလို စစ်အုပ်ချုပ်ရေးရဲ့ အမှောင်မိုက်ဆုံးနေ့ရက်တွေထဲကို ပြန်လည်ရောက်ရှိသွားပါတယ်။
တိုင်းပြည်အမှောင်ထဲပြန်ရောက်သွားတဲ့အတွက် စစ်ဗိုလ်ချုပ်ကြီးတွေ တစ်ဦးချင်းကနေ စစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် မြန်မာနိုင် ငံအပေါ်ကို စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေ အနောက်နိုင်ငံ တွေက ထပ်မံချမှတ်လိုက်ပါတယ်။
အဲဒီလိုစီးပွားရေးပိတ်ဆို့ အရေးယူလိုက်တဲ့အတွက် မြန်မာစစ်အစိုးရအနေနဲ့ အလားတူစီးပွားရေးအရေး ယူ ပိတ်ဆို့ခံထားရတဲ့ မြောက်ကိုရီးယားနဲ့ နောက်ထပ်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ဖို့ကို စနိုးစနောင့်ဖြစ်နေမှာမ ဟုတ်တာ သေချာပါတယ်။
ပူးတွဲသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကာကွယ်ရေးပစ္စည်းစက်ရုံဦးစီးဌာန ကပစ လို့ သိထားကြ တဲ့ မြန်မာနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ လေးငါးခုမှာ ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အဲဒီလို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ပေါင်း ၃၈ ခု ရှိတယ်လို့ သိ ရပါတယ်။ အဲဒီအထဲမှာမှ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာရှိတဲ့ ကပစ ၂၃ မှာ ဒုံးကျည်ထုတ်လုပ်ရေးသုတေသ နလုပ်ငန်းကို အဓိကဆောင်ရွက်တယ်လို့ဆိုပါတယ်။
အဲဒီစက်ရုံကို ၂၀၀၇ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး မြောက်ကိုရီယားနည်းပညာရှင်တွေရဲ့ အနီးကပ်ကြီးကြပ် မှုနဲ့ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီစက်ရုံမှာ လက်ရှိအချိန်မှာ ပညာရှင်တွေ၊ တပ်မတော်အရာရှိ/ စစ်သည်တွေ စုစုပေါင်း ၇၀၀ လောက် တာ ဝန်ထမ်းဆောင်နေကြပြီး လုပ်ငန်းတွေကို မြောက်ကိုရီးယားနည်းပညာရှင်တွေနဲ့ဖြစ်စေ မြောက်ကိုရီးယားတွေ မပါဘဲဖြစ်စေ ဆောင်ရွက်နေကြတယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိထုတ်လုပ်နေတဲ့ ဒုံးကျည်အမျိုးအစားသုံးမျိုးရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။ မြန်မာ့တပ် မတော်က SS/N-5၊ CK 20 နဲ့ CK 21 ဒုံးကျည်တွေထဲက ဘယ်ပုံစံကိုထုတ်လုပ်နေတယ်ဆိုတာတော့ ရှင်းရှင်း လင်းလင်းမသိရပါဘူး။ ပထမဦးဆုံးပုံသွင်းထုတ်လုပ်တာကတော့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ R-21 လို့ သိထားကြတဲ့ ရုရှားထုတ်ဒုံးကျည်ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံကထုတ်လုပ်တဲ့ Rodong-1 ဒုံးကျည်ရဲ့ ပုံတူဒုံးကျည်မျိုးကို မြန်မာနိုင်ငံက ထုတ်လုပ်နေ တယ်လို့ ယူဆရပါတယ်။ CK 21 ဒုံးကျည်ဟာ တာဝေး ကီလိုမီတာ ၇၀၀ အထိ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ပြီး CK 20 ဒုံးကျည်ကတော့ ကီလိုမီတာ ၁၃၀ အထိ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပဲဖြစ်ပါတယ်။
ဒုံးကျည်စီမံကိန်းအတွက်လိုအပ်တဲ့ ကုန်ကြမ်းအများစုကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ပြီး တချို့အစိတ်အပိုင်းတွေ ကိုတော့ မြောက်ကိုရီးယားနိုင်ငံကနေ တင်သွင်းပါတယ်။ အဲဒီလို မြောက်ကိုရီးယားနိုင်ငံက တင်သွင်းတဲ့အခါ တရုတ်နိုင်ငံကတစ်ဆင့်ဖြတ်သန်းပြီး တင်သွင်းတာဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကျွမ်းကျင်နည်းပညာရှင် တွေဟာ ဒီဇိုင်းရေးဆွဲမှုနဲ့ ထုတ်လုပ်မှုအပိုင်းမှာ နည်းပညာတွေကို ထောက်ပံ့ပေးတယ်လို့ဆိုပါတယ်။
ဒုံးကျည်စီမံကိန်းထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအရာရှိတွေထဲက ဘယ်သူမှ ကိုရီးယားစကားမပြောပေ မဲ့ မြန်မာနိုင်ငံမှာ နှစ်ရှည်လများရောက်နေတဲ့ မြောက်ကိုရီးယားတွေကတော့ ဗမာစကားကို ကျွမ်းကျွမ်းကျင် ကျင်ပြောဆိုတတ်နေပြီလို့ ဆိုပါတယ်။
မြောက်ကိုရီးယားတွေဟာ မြန်မာနိုင်ငံမှာ လူမသိသူမသိ ပုံးလျှိုးကွယ်လျှိုးနေပေမဲ့လည်း ၂၀၁၈ ခုနှစ်တုန်းက ပိတ်ပစ်ခဲ့တဲ့ ရန်ကုန်မြို့က မြောက်ကိုရီးယားစားသောက်ဆိုင်ဖြစ်တဲ့ ပြုံယမ်းကောယို (Pyongyang Koryo) စားသောက်ဆိုင်မှာ အဲဒီမြောက်ကိုရီးယားတွေ စားသောက်နေကြတာကိုမြင်ရတာကတော့ တစ်မူထူးခြားနေ ပါတယ်။
ကပစ ၂၃ က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် လိုအပ်တာတွေကို ကပစ ၆၊ ကပစ ၁၀၊ ကပစ ၂၄ နဲ့ ကပစ ၂၅ တို့ကနေ ပစ္စည်းတွေထုတ်လုပ်ပေးပြီး ပံ့ပိုးထားပါတယ်။ ကပစ ၆ ကတော့ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှာ တည်ရှိပါတယ်။
ပြည်မြို့အနီး ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းခြေမှာတည်ရှိတဲ့ ကပစ ၆ ဟာ ကြီးမားကျယ်ပြန့်တဲ့ ကန့် သတ်နယ်မြေမှာတည်ရှိပြီး အစောင့်အကြပ်ထူထပ်စွာချထားတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ် ခုဖြစ်ပါတယ်။ အဲဒီစက်ရုံရဲ့မြေအကျယ်အဝန်းဟာ ဧက ၃၀၀၀ ဝန်းကျင်လောက်ရှိပြီး တပ်မတော်သား ၉၀၀ ထက်မနည်း တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် အဲဒီကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ငယ်ကျည်ခွံအသားတွေနဲ့ ကြေးပြားတွေ ထုတ် လုပ်ပေးတယ်လို့ဆိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ အဲဒီအထဲမှာရှိတဲ့ သံမဏိစက်ရုံကို လက်နက်ထုတ်လုပ်ဖို့ အ သုံးပြုပြီး အဲဒီစက်ရုံကိုတော့ တရုတ်နည်းပညာရှင်တွေက ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကပစ ၁၀ ကတော့ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာနားမှာ တည်ရှိပါတယ်။ ဧက ၆၀၀၀ ခန့် ကျယ်ဝန်းတဲ့အဲဒီစက်ရုံမှာတော့ တပ်မတော်သား ၆၀၀ ကျော် တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီစက်ရုံကို ၁၉၉၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ ရော့ကက်တွေ ထုတ်လုပ်ဖို့ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။
စက်ရုံတည်ဆောက်ရာမှာ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနိုင်ငံတို့က ပညာရှင်တွေ ပါဝင်ကူညီတည်ဆောက် ကြပြီး လိုအပ်တဲ့ပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကသာမက တောင်ကိုရီးယားနိုင်ငံကပါ မှာယူ တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ စက်ရုံအပြီးသတ်တည်ဆောက်ပြီး စက်ပစ္စည်းများ တပ် ဆင်ပြီးစီးတယ်လို့ သိရပါတယ်။
စက်ရုံရဲ့အစိတ်အပိုင်းတချို့ကို မြေအောက်မှာတည်ဆောက်ထားတာဖြစ်ပြီး အဲဒီမြေအောက်တည်ဆောက်မှု တွေကို မြောက်ကိုရီးယားဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေးပညာရှင်တွေက ကူညီတည်ဆောက်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မြောက်ကိုရီးယားပညာရှင်တွေဟာ ကပစ ၁၀ က ဒုံးကျည်နဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ ပါဝင် ကူညီခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုံအသစ်တွေဖြစ်တဲ့ ကပစ ၂၂ နဲ့ ကပစ ၂၄ က မကွေးတိုင်းဒေသကြီး၊ ပေါက် မြို့နယ်၊ ကျောမြစ်အနီးမှာ တည်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ မြောက်ကိုရီးယားထောက်လှမ်းရေးက မြန်မာနိုင်ငံ မှာလာရောက်ဗုံးခွဲခဲ့တဲ့ ၁၉၈၃ ခုနှစ် ဗုံးခွဲမှုဖြစ်စဉ်မတိုင်ခင်အထိ ချစ်ကြည်နွေးထွေးစွာရှိခဲ့ပါတယ်။
၁၉၈၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးတွေဟာ အဲဒီအချိန်က မြန်မာနိုင် ငံမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲခဲ့ပါတယ်။ ဗုံးကွဲခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ တောင်ကိုရီးယားအဆင့်မြင့်အရာရှိ ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးခဲ့ပါတယ်။
(၁၉၈၃ ခုနှစ် ဗုံးကွဲမှုဖြစ်စဉ်ကြောင့် ဆက်ဆံရေးအေးစက်သွားရာကနေ) ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ မှာ နှစ်နိုင်ငံသံတမန်တွေ အကြိမ်ပေါင်းများစွာ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်မှာတော့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပါတယ်။
၁၉၉၉ ဇွန်လမှာ မြန်မာ့တပ်မတော်စစ်လက်နက်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူး (Director of Procureme nt of the Burmese Armed Forces) ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကို သွားရောက်ခဲ့ပါ တယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းမှာ မြန်မာနိုင်ငံက တာဝန်ရှိသူတချို့ မြောက်ကိုရီးယားနိုင်ငံကို ထပ်မံသွား ရောက်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံက ပညာရှင်အုပ်စုတစ်စုကို ရန်ကုန်မြို့မှာရှိတဲ့ Monkey Point ရေတပ်အခြေစိုက်စခန်းမှာတွေ့ရှိရပြီး မြောက်ကိုရီးယားအမျိုးသားလေကြောင်းလိုင်း Air Koryo က လေ ယာဉ်တွေကိုလည်း မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ဘက်လေယာဉ်ကွင်းတွေမှာ ဆင်းသက်နေတာကိုတွေ့ရ တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တရားဝင်ပြန်လည်စတင်လာတာကတော့ ၂၀၀၇ ခုနှစ် ဧပြီလအတွင်းမှာဖြစ်ပါတယ်။ အဓိ ကဝယ်ယူမှုတစ်ခုဖြစ်တဲ့ ၁၃၀ မမ ပုံစံ ၅၉ ဟောက်ဝစ်ဇာ အမြောက်ဝယ်ယူမှုအပါအဝင် သမရိုးကျ လက်နက် တွေ၊ နည်းပညာလွှဲပြောင်းမှုတွေအထိ ပထမဦးဆုံးအကြိမ် ၁၉၉၉ ခုနှစ်မှာ ကန့်သတ်ထားပေမဲ့လည်း မြောက် ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံအတွက် လက်နက်တင်ပို့မှုတွေရှိနေတာကို အတည်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယားဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေးကျွမ်းကျင်ပညာရှင်တွေ ၂၀၀၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ မြို့ တော် နေပြည်တော်ကိုရောက်ရှိလာခဲ့တယ်ဆိုတာကိုလည်း အတည်ပြုခဲ့ပါတယ်။ နေပြည်တော်ဆိုတာ မြန်မာ စစ်အစိုးရက မြေအောက်ဥမင်လိုဏ်ခေါင်း အကြီးအကျယ်တည်ဆောက်ထားတယ်လို့ ပြောဆိုနေကြတဲ့ မြို့ တော်ပါ။
၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ အဲဒီအချိန်က မြန်မာ့တပ်မတော်ရဲ့ တတိယမြောက်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဦးဆောင်တဲ့ မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကိုသွား ရောက်လည်ပတ်ခဲ့ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းဟာ လက်ရှိအချိန်မှာ အတိုက်အခံနိုင်ငံရေးသ မားတစ်ဦးဖြစ်ပါတယ်။
မြောက်ကိုရီးယားခရီးစဉ်အတွင်းမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေ ကို လိုက်လံပြသခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ပြုံယမ်းက ခေတ်မီအမြောက်ကြီးတွေအပါအဝင် ရေဒါစနစ်တွေနဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အကြောင်းရင်းမသိရတဲ့ မြောက်ကိုရီးယားက ကုန်တင်သင်္ဘောကြီးတွေဟာ မြန်မာ့ ဆိပ် ကမ်းကို ဆိုက်ကပ်ခဲ့ကြပါတယ်။ အဲဒီလို မြောက်ကိုရီးယားသင်္ဘောကြီတွေဆိုက်ကပ်ခဲ့တာကြောင့် ပိုမိုခေတ်မီ တဲ့စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာသလားလို့ လေ့လာသူတွေအနေနဲ့ သံသယဖြစ်မိနေကြပါတယ်။
အဲဒီသင်္ဘောကြီးတွေနဲ့ ပစ္စည်းတွေတင်လာတာဟာ မြန်မာနိုင်ငံက လျှို့ဝှက်ဒုံးကျည်စီမံကိန်းတွေနဲ့ ဆက်စပ်နေ တယ်ဆိုတာကို အခုအချိန်မှာ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီဖြစ်ပါတယ်။
ဆိုတော့ တပ်မတော်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေလိုအပ်တယ်လို့ ဘာ့ကြောင့် မြန်မာ့တပ်မတော်က ယုံကြည် နေကြတာလဲ။ မြန်မာနိုင်ငံမှာ ပြည်ပရန်သူနိုင်ငံတွေမရှိသလို အဲဒီဒုံးကျည်တွေဟာလည်း ပြည်တွင်းသောင်း ကျန်းမှုစစ်ဆင်ရေးမှာ အသုံးဝင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ခြေရှိတဲ့ အဖြေကတော့ အဲဒီလို ခေတ်မီလက်နက်တွေဟာ သောကပတ်လည်ဝိုင်းနေတဲ့ စစ်အစိုးရအ ပေါ်သစ္စာရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေအတွက် စိတ်ကျေနပ်မှုရရှိစေပြီး ဒီလိုခေတ်မီစစ်လက်နက်ပစ္စည်းတွေ ပိုင် ဆိုင်ရတာကို အဲဒီစစ်ဗိုလ်ချုပ်ကြီးတွေ ဂုဏ်ယူနိုင်လိမ့်မယ်လို့ နေပြည်တော်မှာရှိတဲ့ ပြည်သူလူထုကြိုက်နှစ် သက်ခြင်းမရှိတဲ့ အာဏာသိမ်းစစ်အစိုးရက မျှော်လင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ဒုံးကျည်အရောင်းအဝယ်ကိစ္စတွေဟာ နှစ်နိုင်ငံစလုံးအတွက် ဘေးကင်းလုံခြုံပြီး ဝင်ငွေရှာပေးနိုင် မယ့်အလုပ်ကို လုပ်နေတာလည်းဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ တင်ပို့နေတဲ့ ရုရှားနိုင်ငံနဲ့ တခြားတိုင်း ပြည်တွေကို ငွေသားနဲ့ ပေးချေရတာဖြစ်ပေမဲ့ မြောက်ကိုရီးယားနိုင်ငံကတော့ ကုန်ပစ္စည်းချင်းဖလှယ်တဲ့ ဘာ တာစနစ်ကို အမြဲတမ်းလမ်းဖွင့်ပေးထားပါတယ်။
ဒါ့ကြောင့် ပုံမှန်ဘဏ်စနစ်ကိုအသုံးပြုရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကြီးကြီးမားမားတွေကို နှစ်နိုင်ငံ စလုံးက အလေးအနက်ထား စဉ်းစားနေကြပါတယ်။
ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူထားတာဟာ ပြင်းထန်လှတဲ့ဒေသတွင်းက တော်လှန်ရေးကိုရင်ဆိုင်ရာ မှာ သူတို့အတွက် အာဏာခိုင်မြဲအောင်ထိန်းသိမ်းထားနိုင်တယ်လို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ယုံကြည်ထား ပုံရတဲ့အချိန်မှာ မြောက်ကိုရီးယားနိုင်ငံက အစားအသောက်တွေ လိုအပ်နေပါတယ်။
စစ်လက်နက်ပစ္စည်းကို အစားအသောက်တွေနဲ့ လဲလှယ်တာကို အတိတ်ကာလက အထီးကျန်အစွန့်ပယ်ခံနိုင်ငံ တွေက လုပ်ခဲ့ကြပါတယ်။ အခုလည်း ဒုံးကျည်အရောင်းအဝယ်ကိစ္စအသစ်တွေအတွက် စားနပ်ရိက္ခာနဲ့ လက် နက်လဲလှယ်ရေးကို ဆောင်ရွက်လာတော့မယ့်အခြေအနေတွေ တွေ့မြင်လာရမယ့်အလားအလာ ရှိနေပါ ကြောင်း ….. ။ ။
ASIA TIMES မှ ဘာတေးလင့်တနာရဲ့ Myanmar, North Korea on a new missile-making mission ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။
(unicode)
…………………………………….