မြဝတီမြို့အနီးရှိ လေးကေကော်မြို့သစ်၌ လာရောက်တိမ်းရှောင်နေထိုင်သည့် NLD အမတ်ဟောင်းများ အပါ အဝင် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံထားရ

PUBLISHED - December 14, 2021
ကရင်၊ ဒီဇင်ဘာ ၁၄ (People Media)
ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေကော်မြို့သစ်(KNU တပ်မဟာ-၆ နယ်မြေ) ၌ လာ ရောက် တိမ်းရှောင်နေထိုင်လျက်ရှိသည့် NLD အမတ်ဟောင်းများနှင့် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
ယနေ့ နံနက်ပိုင်းက အဆိုပါ မြို့သစ်နေရာသို့ အမှတ် ၅၀၆ ခြေမြန်တပ်ရင်းမှ စစ်ကြောင်းများ ဖြန့်ခွဲပြီး နေအိမ်များကို ပိတ်စိတ်တိုက် စစ်ဆေးခဲ့ပြီးနောက် NLD အမတ်ဟောင်းများအပါအဝင် လူပုဂ္ဂိုလ်အချို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုကဲ့သို့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးထားမှုအခြေအနေများနှင့်ပတ်သက်၍ People Media က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ဖြေဆိုပေးခြင်းမရှိပါ။
KNU တိုင်းရင်းသားအဖွဲ့သည် PDF များကို စစ်ရေးအရ လေ့ကျင့်သင်ကြားပေးလျက်ရှိသော အဖွဲ့အစည်းကြီး တစ်ခုလည်းဖြစ်သည်။
Photo – စောတာတူး
#PeopleMedia #KNU #လေးကေကော်မြို့သစ်
(unicode)
………………………………………………………